Wednesday, April 29, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက်(၂)နာရီအချိန်ခန့်တွင် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ နန်းတော်ကျွန်း ကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာနေသူ ဦးဝင်းဆောင် (၆၄)သည် နေအိမ်တွင် ရှိနေစဉ် သားမက်တော်စပ်သူ သန်းဇော်လင်း မှ သားဖြစ်သူ ထွန်းထွန်းနိုင်(၂၀)နှစ်အား ဆိုင်ကယ် နောက်တွင် တင်ဆောင်လျှက် နေအိမ်သို့ရောက်ရှိလာစဉ် သားဖြစ်သူ၏ ခန္ဓာကိုယ်မှ သွေးများ ထွက် နေသည် ကို တွေ့ရှိရ၍မေးမြန်းရာ ငခြောက်ကျွန်းကျေးရွာ ဘုရားပွဲအတွင်း ဈေးဆိုင်တန်းတွင် ထွန်းထွန်းနိုင် နှင့် နန်းတော်ကျွန်းကျေးရွာနေ လှမြင့်ခိုင်(ခ) ခိုင်ကြီး (၂၀)နှစ် တို့မှာ လမ်းလျှောက်စဉ် ပုခုံးချင်းတိုက် မိရာမှ စကားများရန်ဖြစ်ပြီး လှမြင့်ခိုင်(ခ)ခိုင်ကြီးမှ အသင့်ပါလာသော ဓါးမြှောင်ဖြင့် ထိုး၍ ထွန်းထွန်းနိုင်တွင် ၀ဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာဘက်ခါး ထိုးသွင်း ဒဏ်ရာ (၁)ချက်၊ ရင်ညွန့်အလယ်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်တင်ပဆုံအထက် ထိုးသွင်းဒဏ်ရာ (၁)ချက် (စိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ဓါးဖြင့်ထိုးသူ လှမြင့်ခိုင်(ခ) ခိုင်ကြီးအား အရေးယူပေးရန် ၂၈.၄.၂၀၁၅ ရက်နေ့တွင် ဦးဝင်းဆောင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video