Wednesday, April 29, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ည(၇)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့လုလင်ကျေးရွာ အနီး တောင်တွင်း ကြီး-မြို့သစ် ကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ တောင်တွင်းကြီးမြို့ဘက်မှ မြို့သစ်မြို့ဘက်သို့ မြို့သစ်မြို့နယ်၊ ထန်းတပင်ကျေးရွာ နေသူ ယာဉ်မောင်း ကျော်မြတ်သူ(၃၀)နှစ် မောင်းနှင်ပြီး မြို့သစ်မြို့နယ်၊ ထန်းတပင်ကျေးရွာနေသူ ယာဉ်နောက် လိုက် သိန်းသန်းဦး(၄၅)နှစ်နှင့် မြို့သစ်မြို့နယ်၊ အိုင်သာကျေးရွာနေသူ ဦးတင်ထွေး (၄၅)နှစ်တို့ လိုက်ပါ လာသော ၉ဌ/xxxxx အဖြူနှင့်အစိမ်းကြား ထော်လာဂျီယာဉ်သည် မိုင်တိုင်အမှတ် (၉/၆ နှင့် ၉/၇)အကြား စစ်တောကျေးရွာ လမ်းခွဲ အရောက်တွင် အချက်ပြမီးမပြဘဲ ၀ဲဘက်သို့ ရုတ်တရက် ချိုးကွေ့လိုက်စဉ် ၎င်းလမ်းအတိုင်း နောက်မှ မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာနေသူ ဦးအေးဦး(၄၅)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးမြင့်သောင်း (၅၀)နှစ် ထိုင်စီးလိုက်ပါလာသော ၃၈ယ/xxxxx ဒါရမ်း ၁၁၀ နက်နီကြားဆိုင်ကယ်မှ ကား၏ခါးလယ်အား ၀င်ရောက်တိုက်မိရာ ဦးအေးဦးနှင့် ဦးမြင့်သောင်းတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ကျော်မြတ်သူအား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video