၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် ၁၅/၂၀၁၅ ဖြင့် မကွေးမြို့၊ ဆားရွှေကင်းအုပ်စု၊ ကင်းကျောက်ကုန်း ရပ်ကွက်နေသူ ဒေါ်ငြိမ်း (၅၀)နှစ်၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ ဒေါ်ငြိမ်းအား မတွေ့ရှိရဘဲ ၄င်း၏ တူမတော်စပ်သူ မနီလာဆွေ(၂၁)နှစ်အား တွေ့ရှိရပြီး နေအိမ် အတွင်း ရှာဖွေနေ စဉ် ဒေါ်ငြိမ်းမှာ အပြင်မှ ပြန်လာကာ ၎င်း၏နေအိမ်သို့မ၀င်ဘဲ ဘုရားလမ်းဘက်သို့ ထွက်သွားသည် ကို တွေ့မြင်ရသဖြင့် လိုက်လံဖမ်းဆီးပြီး သက်သေများနှင့်အတူ ရှာဖွေရာ အပေါ် အင်္ကျီ ၀ဲဘက်အိတ်ကပ် အတွင်းမှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဖုန်းအမှတ် ၀၉xxxxxxxxxx ပါ ဟန်းဆက်တစ်လုံးနှင့် လောင်းကြေးငွေစက္ကူရောရာ ၅၂၀၀၀ိ/-တို့အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င်နှစ်လုံးထီ လောင်းကစားပြုလုပ်သူ ဒေါ်ငြိမ်းအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၅၆/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း ၊
၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ညနေ (၄)နာရီခွဲ အချိန်ခန့်တွင် မကွေးခရိုင်၊ ရေနံချောင်း မြို့နယ်၊ ရေနံချောင်း မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် ၆/၂၀၁၅ ဖြင့် ရေနံချောင်းမြို့၊ နဂါးကုန်းရပ်ကွက် နေသူ ဦးအောင်ဝင်း(၄၈)နှစ် ၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဦးအောင်ဝင်းနှင့်အတူ တစ်ရပ်ကွက် တည်း နေသူများဖြစ်ကြသော ဒေါ်စောဝင်း(၄၉)နှစ်၊ မသင်းသင်းခိုင်(၄၇)နှစ်နှင့် မပန်းရင် (၅၀)နှစ် တို့(၄)ဦး သည် ဖဲရိုက်လောင်းကစား နေသည်ကိုတွေ့ရှိရပြီး ဖဲရိုက်လောင်းကစားရာ တွင် အသုံးပြုသော ဖဲချပ် များနှင့် လောင်းကြေး ငွေစက္ကူရောရာ ၅၇၅၀ိ/-ကျပ်တို့အား သိမ်းဆည်းရမိသဖြင့် ဦးအောင်ဝင်းပါ (၄)ဦးအား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၆၂/၂၀၁၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ညနေ (၅)နာရီ (၄၅)မိနစ် အချိန်ခန့်တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ သရက်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် လောင်းကစားပြုလုပ် နေကြောင်း သတင်းအရ သက်သေများနှင့် အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ် ၁၃/၂၀၁၅ ဖြင့် သရက်မြို့၊ ထုံးတောင်အုပ်စု၊ ဗန္ဓရရပ်ကွက်နေသူ မခိုင်(ခ) ဒေါ်တင်တင်ခိုင် (၄၅)နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ် အတွင်း ဘီရိုပေါ်၌ ချဲထီ သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်း များနှင့် လောင်းကြေးငွေစက္ကူရောရာ ၃၇၀၀ိ/-ကျပ်တို့အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င် ချဲထီလောင်းကစားပြုလုပ်သူ မခိုင်(ခ)ဒေါ်တင်တင်ခိုင် အား သရက် မြို့နယ်၊ မြို့မရဲစခန်း (ပ) ၄၆/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment