Tuesday, April 28, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နေ့လည်(၁း၅၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရေနံချောင်း မြို့နယ်၊ ၀က်မစွတ်ကျေးရွာ အုပ်စု၊ သစ်ချိုဈေးဆိုင်တန်းအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင် အမှတ် (၃၄၇/၁)အနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ ကြောင်း၊
စစ်ဆေးချက်အရ ရေနံချောင်းမြို့ဘက်မှ မကွေးမြို့ဘက်သို့ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ခုနှစ်ပင် ကျေး ရွာနေသူ ယာဉ်မောင်း အေးဝင်း (၄၈)နှစ် မောင်းနှင်လာသော 9D/xxxx BIGHORN ဖြူနက် ကြားရောင် ယာဉ်သည် ယာဉ်၏ရှေ့ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ကားလမ်းယာဘက် ဘေးသို့ ထိုးကျ တိမ်းမှောက်ကာ ယာဉ်ပေါ်ပါသူ (၄)ဦးအနက် ပခုက္ကူမြို့နယ်၊ ကံပေါက်ကျေးရွာ နေသူများ ဖြစ်သော ဦးကံဦး (၆၂)နှစ် အပါအ၀င် ကျား(၃)ဦးတွင် မစိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်မောင်း အေးဝင်းမှာ ၀ဲချိုစောင်းပေါက်ပြဲ၊ ဦးခေါင်းထိပ် ဖူးရောင်ပေါက်ပြဲ၊ တင်ပဆုံပေါက်ပြဲ၊ ကျောဝဲဘက်ခြမ်း စုတ်ပြဲဒဏ်ရာများ ရရှိပြီး သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အေးဝင်းအား ရေနံချောင်း မြို့နယ်၊ ညောင်လှ နယ်မြေ ရဲစခန်း ယာဉ်(ပ)၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က / ၃၃၈/ ၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video