Monday, April 27, 2015




မကွေး     ဧပြီ     ၂၇
    ကာကွယ်ရးဦးစီးချုပ်ရုံး(လေ)နှင့်မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှပူးပေါင်းစီစဉ်ဖွင့်လှစ်သော အမှတ်စဉ်(၁/၂၀၁၅)အခြေခံလေကြောင်းလူငယ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူအစိုးရအဖွဲ့ဝင်  ၀န်ကြီးများ၊မကွေးလေတပ်စခန်းဌာနချုပ်မှူးနှင့်လေတပ်စခန်းမှနည်းပြဆရာများ၊တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊သင်တန်းသား/သူများနှင့်သင်တန်းမိဘများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဆန်းဝင်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သင်တန်းသို့တက်ရောက်လာသည့် သင်တန်းသား/ သင်တန်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
    အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ(၄၀)ဦးဖြင့်(၂၇-၄-၂၀၁၅)ရက်နေ့မှ (၂၂-၅-၂၀၁၅)ရက်နေ့အထိ (စနေနေ့အပါအ၀င်)ရက်သတ္တ(၄)ပတ်ကြာ မကွေးလေတပ်စခန်းဌာနချုပ်အတွင်း စခန်းသွင်းဖွင့်လှစ်ပို့ချ သင်ကြားသွားမည်ဖြစ်ပြီး အခြားတိုင်းဒေသကြီး/ပြည်နယ် လေတပ်စခန်းဌာနချုပ် များမှာလည်းတစ်ပြိုင်တည်းဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်၊။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video