၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နေ့လည်(၂း၄၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပုသိမ်-မုံရွာကားလမ်းဆုံ၌ ယာဉ်/လမ်းစည်းကမ်း တာဝန်ဆောင်ရွက်နေစဉ် မြိုင်မြို့နယ်၊ မြို့စိုးကျေးရွာ၊ ရွာလယ်လမ်းမ၌ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူတစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းအရသွားရောက် စစ်ဆေးရာ မြိုင်မြို့မှ သရက်ကန်ကျေးရွာသို့ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာနေသူ နိုင်ဌေး(၁၈)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ နိုင်လင်း(၂၅)နှစ် လိုက်ပါလာသော ဆိုက်ကလုံး ၁၁၀ အနက်ရောင် ဆိုင်ကယ်သည် အရှိန်ဖြင့် မောင်းနှင်လာစဉ် မြို့စိုးကျေး ရွာ အရှေ့အနောက် ရွာလယ်လမ်းပေါ် ဦးမြင့်ဆွေနေအိမ်ရှေ့တွင် နောက်မှထိုင်စီး လိုက်ပါလာသူ နိုင်လင်း မှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဦးခေါင်းယာဘက် နောက်စေ့နှင့် ၀ဲချိုစောင်းဖူးရောင်၊ ၀ဲ/ယာ ခြေမကြေမွ၊ ၀ဲခြေသလုံး/ဒူးဆစ် ပွန်းပဲ့ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ နိုင်ဌေး အား မြိုင်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
Tuesday, April 28, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment