Tuesday, April 28, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ ၌ အောင်လံမြို့နယ်၊ ကျောက်ပန်းတောင်း ကျေးရွာနေသူ မငုဝါစိုး(၃၈)နှစ်မှ ထိုင်းနိုင်ငံသို့ အလုပ်လုပ် ကိုင်ရန် ပို့ဆောင်ပေးမည်ဟု စည်းရုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ မငုဝါစိုးသည် ရေတွင်းကုန်းကျေးရွာနေသူများ ဖြစ်ကြသော အောင်ကျော်မင်း အပါအ၀င် ကျား(၁)ဦး၊ မ(၄)ဦးတို့အား Agilc Manpower Services Co.LTD မှဟု ပြောဆို စည်းရုံးခဲ့သော် လည်း ထိုင်းနိုင်ငံသို့ ပို့ဆောင်ခွင့် အကျိုးဆောင်လိုင်စင် တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသဖြင့် မငုဝါစိုးအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၄၉/၂၀၁၅၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video