၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက်(၁၀း၅၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဂန့်ဂေါခရိုင်ပြည်သူ့ဆေးရုံမှ ရေနစ်သေဆုံး သည့် အလောင်း တစ်လောင်း ရောက်ရှိနေကြောင်း အကြောင်းကြားသဖြင့် သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း၊
စစ်ဆေးချက်အရ သေဆုံးသူမှာ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ရွာနေသူ ဦးတင်ဖေ(၆၉)နှစ် ဖြစ်ပြီး ၄င်းသည် ၂၅.၄.၂၀၁၅ ရက်နေ့ နံနက် (၇)နာရီအချိန် နေအိမ်မှ ယာခင်းသို့ ထွက်သွားရာ ည (၇)နာရီအချိန် အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် သားဖြစ်သူ မောင်သက်ထွန်းမှ ယာခင်းရှိတဲသို့ သွားရောက် ရှာဖွေခဲ့ရာ ဖခင်ဖြစ်သူအား မတွေ့ရှိသဖြင့် တဲပတ်ဝန်းကျင်သို့ လိုက်လံ ရှာဖွေစဉ် ယာခင်းစောင့်တဲနှင့် (၁)ဖာလုံခန့်ဝေးသော တဇန်းချောင်းကမ်းစပ်တွင် ဖခင်ဝတ်ဆင်သော ပုဆိုး၊ အင်္ကျီ၊ ဖိနပ်တို့ကို တွေ့ရှိရ၍ တဇန်းချောင်းအတွင်း ဆင်း၍ ရှာဖွေရာ ရေအနက်(၅)ပေခန့်ရှိ ရေအောက် ကြမ်းပြင်တွင် ဖခင်ဖြစ်သူအား အ၀တ်အစား မပါဘဲရေနစ် သေဆုံးနေသည်ကို တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၅)ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment