၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက် (၁၀) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပဒါန်းကျေးရွာ၊ အမှတ်(၁) ရပ်ကွက်အတွင်း လူတစ်ဦး မိမိလည်ပင်းကို ဓါးဖြင့်လှီး၍ ပဒါန်းတိုက်နယ်ဆေးရုံသို့ ရောက်ရှိနေ ကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ပဒါန်းကျေးရွာနေ သားသတ်လုပ်ငန်းလုပ်ကိုင်သူ ကျော်စွာထွန်း(၃၇)နှစ် သည် စိတ်ဖောက်ပြန်ကာ မိမိ၏လည်ပင်းအား အရိုး(၄)လက်မ၊ အသွား(၇)လက်မခွဲခန့်၊ ဗျက်(၁)လက်မ ခန့်ရှိ ကော်ရိုးတပ် ဓါးဦးချွန်တစ်ချောင်းဖြင့် မိမိကိုယ်ကို လည်းပင်းအားလှီးဖြတ်ရာ လည်ပင်း ဇလုပ် အောက် (၂)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိသဖြင့် ပဒါန်းတိုက်နယ်ဆေးရုံသို့ ပို့အပ် ဆေးကု သမှု ခံယူနေစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာ အတိုင်း သေ ဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ငဖဲမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၅)ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment