Monday, April 27, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ညနေ(၄း၅၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ငဖဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ငဖဲမြို့နယ်၊ ဆင်ချည်တိုင် ကျေးရွာ အနီး ပဒါန်း-ငဖဲ ကားလမ်း မိုင်တိုင်အမှတ် ၂/၆ရှိ ကားလမ်း၏ တောင်ဘက် ဘေးတွင် လူတစ်ဦး လဲကျ သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ငဖဲမြို့နယ်၊ ချောင်းဖြူကျေး ရွာနေသူ ဦးလှမြင့် (၄၈)နှစ်ဖြစ်ပြီး ၄င်းသည် တစ်ဦးတည်း လမ်းလျှောက်သွားနေရာမှ အကြောတက်၍ လဲကျကာ မှောက်လျှက်အနေအထားဖြင့် ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ငဖဲမြို့နယ်၊ ငဖဲမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၅)ဖြင့် ရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video