၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ညနေ(၆) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကန်တုတ်ဒေသ၊ ငှက်ကြီး တောင်ကျောရှိ `ထိုက်နေမင်း´ ကျောက်မီးသွေး တူးဖေါ်ရေး ကုမ္ပဏီလုပ်ငန်းခွင်တွင် လှိုဏ်ခေါင်း ပြိုကျ၍ လူတစ်ဦးသေ ဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ၂၈.၄.၂၀၁၅ ရက်နေ့ ၁၄၃၀ အချိန်ခန့်က `ထိုက်နေမင်း´ ကျောက်မီးသွေး တူးဖေါ်ရေး လုပ်ငန်းမှ အလုပ်သမား ငဖဲမြို့နယ်၊ မာန်အောင်ကျေးရွာနေသူ သန်းနိုင်ဦး (၃၇)နှစ်နှင့် စောထွန်း (၃၅)နှစ် တို့နှစ်ဦးသည် အနက်(၁၀)ပေ၊ အကျယ်(၄)ပေ၊ အရှည်(၁၀)ပေခန့်ရှိ လှိုဏ်ဂူ အတွင်း၌ ကျောက်မီးသွေး တူးနေစဉ် မြေပြိုကျသဖြင့် ကုမ္ပဏီဝန်ထမ်းများမှ ကယ်ထုတ်၍ ပဒါန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သန်းနိုင်ဦးမှာ လမ်း၌သေဆုံးသွားပြီး စောထွန်းတွင် ယာဘက် လက်မောင်း နာကျင်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသဖြင့် သန်းနိုင်ဦး သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင် ရွက်ရန် မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း သေမှု သေခင်း အမှတ်စဉ် ၃/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင် ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment