Thursday, April 30, 2015

မကွေးမြို့ ၊ ဧပြီလ (၃၀) ရက်

၂၀၁၅ ခုနှစ် ဧပြီ ၂၉ ရက်နေ့ နံနက် ၀၈း၃၀ အချိန်မှ ၀၈း၄၅ နာရီအချိန်ထိ မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မကွေးတက်္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၊ ဘက်စုံ(၂)အခန်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR)အစီအစဉ်ဖြင့် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း၊
အခမ်းအနားသို့ မကွေးတိုင်ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၊ မကွေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ သက်လွင်၊ နည်းပြ UNITED KINGDOM နိုင်ငံသား Mr.Daniel Collinge၊ NEPAL နိုင်ငံသား Mr.Imesh Pokharel နှင့် စကားပြန် (၂)ဦး၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်များမှ ရဲမှူး(၁၁)ဦး၊ ဒုရဲမှူး (၁၇)ဦး၊ ရဲအုပ် (၂၇)ဦး၊ စုစုပေါင်း (၆၁)ဦး တက်ရောက်ခဲ့ကြောင်း၊
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ နည်းပြများမှ မိတ်ဆက်အမှာစကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး သင်တန်းအား ၂၉.၄.၂၀၁၅ ရက်နေ့ မှ ၃၀.၄.၂၀၁၅ ရက်နေ့အထိ လူ့အခွင့်အရေးဆိုင်ရာများ ဆွေးနွေးပို့ချခဲ့ ပါကြောင်း၊
၃၀.၄.၂၀၁၅ ရက်နေ့ ညနေ ၀၄း၃၀ အချိန် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါကြောင်းနှင့် သင်တန်းဆင်းပွဲသို့ မကွေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး အောင်စိုးဝင်း၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး ချန်ထွန်းအောင်၊ နည်းပြ UNITED KINGDOM နိုင်ငံသား Mr.Daniel Collinge၊ NEPAL နိုင်ငံသား Mr.Imesh Pokharel နှင့် စကားပြန် (၂)ဦး၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်များမှ ရဲမှူး(၁၁)ဦး၊ ဒုရဲမှူး (၁၇)ဦး၊ ရဲအုပ် (၂၇)ဦး၊ စုစုပေါင်း (၆၁)ဦးတက်ရောက်ခဲ့ပြီး နည်းပြ (၂)ဦးနှင့် စကားပြန်(၂)ဦးတို့အား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒေသထွက် လက်ဆောင်များ ပေးအပ်ခဲ့ ပါကြောင်း သတင်း ရရှိ ပါသည်။






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video