Thursday, April 30, 2015

ကျောက်ထု ဧပြီ ၃၀
    ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ စပါးခင်းများ၌ စပါးပြီးလျှင် ကြက်သွန်ဖြူကို သီးထပ်အဖြစ် စိုက်ပျိုးလေ့ရှိရာ အဆိုပါကြက်သွန်ဖြူများ သင်္ကြန်ကာလပြီးလျှင်ဖော်၍ ရောင်းချကြပြီး အလှူဒါနပြုခြင်း အပါ အဝင် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ကြလေ့ရှိသည်။
    ယခင်နှစ်များက ဒေသထွက်ကြက်သွန်ဖြူများ ငွေကျပ် ၈၀၀ ဈေးခန့်သာရှိသော်လည်း ယခုနှစ် ကြက်သွန်ဖြူပေါ်ချိန်တွင် ထွက်နှုန်းကောင်းခြင်းအပါအဝင် ကျပ် ၁၃၀၀ ကျပ်ဈေးပေါက်သဖြင့် တောင်သူများ မှာ ဝင်ငွေရွှင်လျှက်ရှိသည်။
    ထိုသို့အထွက်နှုန်းကောင်းခြင်းမှာ တောင်သူများအနေဖြင့် ခေတ်၏တိုးတက်မှုနှင့်အညီ စိုက်ပျိုးရေး ဦးစီးဌာန၏ စိုက်စနစ်ပြောင်းလဲစိုက်ပျိုးစေမှုအပါအဝင် နိုင်ငံတော်မှ တောင်သူလယ်သမားများထံ လယ်ယာသုံး စက်ကရိယာများသုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း အရစ်ကျရောင်းချခြင်းအပါအဝင် စေတနာထား ဆောင် ရွက်ပေးခြင်းများကြောင့်ဖြစ်သည်ဟု တောင်သူ ဦးထွန်အေး၏ ပြောပြချက်အရသိရသည်။
ကျော်သန်းဆွေ

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video