Friday, May 1, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ နံနက် (၁၁) နာရီအချိန် ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ သမင်ကတုတ်ကျေးရွာအနီးလမ်းမပေါ်တွင် မင်းတုန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ် သစ်တောဦးစီးမှူး တိုင်တားရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ ယာဉ်အမှတ် F/xxxx ဟီးနိုး(၆)ဘီးယာဉ်အား ရပ်တန့် ရှာဖွေရာ သတင်းရရှိပါသည်။ 

ဟီးနိုး(၆)ဘီးယာဉ်ပေါ်တွင် တရားမဝင်ကျွန်းတိုင်(၁၆)လုံး၊ (၃.၄၂၆)တန်ခန့်၊ ကျွန်းခွဲသားဆိုဒ်စုံ (၃၄) ချောင်း၊ (ဝ.၁၆၃)တန်ခန့်၊ စုစုပေါင်း (၃.၅၈၉)တန်ခန့် ကာလတန်ဘိုး ၈၇၅ဝဝဝိ/- အား တင်ဆောင် လာသည်ကိုတွေ့ရှိရသဖြင့် ယာဉ်ပေါ်ပါ မင်းလှမြို့နယ်၊ ရေကျော်ကျေးရွာနေ ဦးကြာငွေ (၄ဝ) နှစ်နှင့် မင်းလှမြို့နယ်၊ ထန်းကိုင်းကျေးရွာနေ ယာဉ်မောင်း ဦးစိုးနိုင် (၄ဝ) နှစ်တို့ ၂ ဦး အား အရေးယူပေးရန် ၃ဝ.၄.၂ဝ၁၅ ရက်နေ့တွင် ဦးအောင်ထွန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မင်းတုန်းမြို့နယ်၊ မြို့မ ရဲစခန်း (ပ)၁၇/၂ဝ၁၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video