၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ နေ့လည် (၃) နာရီခွဲ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေအိုး(၂)ရပ်၊ မြို့မဈေး မြောက်ဘက် ဝင်ပေါက် အနီးရှိ လှကြိုင်(၅၈)နှစ်၏ နေအိမ်ဈေးဆိုင်အတွင်း တရားမဝင်နှစ်လုံးထီ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ ဖမ်း ဝရမ်းအမှတ် (၇/၂ဝ၁၅) ဖြင့် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။
ရွှေအိုး(၂)ရပ်နေ လှကြိုင်(၅၈)နှစ်အား နေအိမ်တွင် တွေ့ရှိပြီး ၎င်းထံမှ နှစ်လုံးထီလောင်းကစား ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းဆက်စပ်ပစ္စည်းများနှင့်အတူ လောင်းကြေးငွေ ၂၅၇၅ဝိ/-တို့အား သိမ်းဆည်း ရမိသဖြင့် တရားမဝင် နှစ်လုံးထီလောင်းကစားပြုလုပ်သူ လှကြိုင်အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၃၇/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment