၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ နံနက် (၉) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမှတ်(၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ကလေးတစ်ဦး ထမင်းရည် ပူလောင်၍ ပခုက္ကူပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသနေစဉ် သေဆုံးသွားကြောင်း အကြောင်းကြား သဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ ၂၈.၄.၂ဝ၁၅ ရက်နေ့ နံနက် (၁ဝ) နာရီအချိန်ခန့်တွင် ပခုက္ကူမြို့၊ ဆုံကုန်း ရပ်နေ ထူးမြတ်အောင်(၄)နှစ်သည် နေအိမ်မီးဖိုရှိ ထမင်းရည်ပူအိုးအား တိုက်မိလောင်ကျွမ်း၍ ၂၉.၄.၂ဝ၁၅ ရက်နေ့ ည (၇) နာရီခွဲအချိန် ဆေးရုံတက်ရောက်ကုသနေစဉ် ၃ဝ.၄.၂ဝ၁၅ ရက်နေ့ နံနက် (၇) နာရီ အချိန် သေဆုံးသွားကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ထူးမြတ်အောင် သေဆုံးခြင်းမှာ ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၇/၂ဝ၁၅) အရ ရေးဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment