၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ရေနံချောင်းမြို့နယ်၊ ညောင်ဇောက်ချောင်းကျေးရွာနေ ဒေါ်ခင်ဝမ်း(၅၄)နှစ်သည် နေအိမ်၌ရှိနေစဉ် ၄င်း၏ နွားကျောင်းသားများဖြစ်သော အောင်စိုးနှင့် အောင်ဆန်းတို့မှ ဒေါ်ခင်ဝမ်းပိုင်ဆိုင်သော နွားရွှေနီမ ၊ မြည်းဆံနီ၊ ဦးဂျို(၁)လက်မခန့်၊ တန်ဘိုး(၄)သိန်းကျပ်ခန့် နွားတစ်ကောင် ပျောက်ဆုံးနေ ကြောင်း လာရောက်ပြောကြားသဖြင့် သားဖြစ်သူ အောင်ဇော်ဦးနှင့် တစ်ရွာတည်းနေ မောင်ဟန်ကို ၊ အောင်စိုးနှင့် အောင်ဆန်းတို့မှ လိုက်လံရှာဖွေခဲ့ကြောင်း သိရှိရသည်။
တစ်ရွာတည်းနေ ကိုဇော်နိုင်(၃၇)နှစ်နေထိုင်သည့် တဲအနီး နွားချေးကျင်းအတွင်းမှ နွားရွှေနီမ အသေ တစ်ကောင်အား ထန်းရွက်များနှင့်ဖုံးအုပ်ထားသည်ကို တွေ့ရှိရသည့်အပြင် တစ်ရွာတည်း သားများ ဖြစ် သည့် ကိုဆန်း၊ ကိုလှရှိန်တို့မှလည်း ၄င်းတို့နွားကျောင်းနေစဉ် ကိုဇော်နိုင်မှ နွားရွှေနီမ(၁) ကောင် အား ဆွဲသွားသည်ကို တွေ့မြင့်လိုက်ကြောင်း ပြောပြသိရှိရ၍ နွားအား ခိုးယူသတ်ဖြတ်သူ ကိုဇော်နိုင် အား အရေးယူပေးရန် ၁.၅.၂ဝ၁၅ ရက်နေ့တွင် ဒေါ်ခင်ဝမ်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရေနံချောင်းမြို့နယ် ၊ လက်မှတ်ကုန်းနယ်မြေရဲစခန်း(ပ)၃၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉(တ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment