Saturday, May 2, 2015

၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့ နံနက် (၁၁) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်၊ ကျောက်ထုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပေါက်-ကျောက်ထုကားလမ်း မိုင်တိုင် အမှတ် ၇၆/၇ နှင့် ၇၇/ဝ အကြားတွင် GMC ကားအား ဂျမ်းတုံးခုစဉ် ကား၏ ဘယ်ဘက်ခြမ်း ဆင့်တုံး အဖျားနှင့် နောက်စေ့အား ရိုက်မိပြီး လူတစ်ဦးသေဆုံး ကြောင်း သိရ၍ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ပေါက်-ကျောက်ထုကားလမ်း မိုင်တိုင်အမှတ် ၇၆/၇ နှင့် ၇၇/ဝ အကြားတွင် ဆောမြို့နယ်၊ ပန်းဆန်ရွာနေ ယာဉ်မောင်း စိန်ထွန်း(၄၃)နှစ်မောင်းနှင်သော GMC အစိမ်းရောင် (၆)ဘီးယာဉ်သည် စက်နှိုးမရသဖြင့် ဆီထည့်ရန်လာသော ဆောမြို့နယ်၊ တေးရွာနေ ယာဉ်မောင်း ဥာဏ်မင်း (၃၁)နှစ် မောင်းနှင်သော FAW ကားအဝါရောင် ဌ/xxxx ၊ (၆)ဘီးယာဉ်ဖြင့် ကြိုးဖြင့် ဆွဲနှိုးစဉ် ယာဉ်(၂) စီး နောက်မီးဖြင့် တိုက်မည် စိုးသောကြောင့် ဥာဏ်မင်း၏ ယာဉ်ပေါ်တွင်ပါ လာသူ ဆောမြို့နယ် ၊ ကျောက်ထု ၊ ဂုံဘိုရပ်ကွက်နေ မြင့်ထွန်း(၃၅)နှစ်အား ဂျမ်းတုံးခုခိုင်းရာ GMC ကားအား မြင့်ထွန်းမှ ဂျမ်းတုံးခုစဉ် ကား၏ ဘယ်ဘက်ခြမ်း ဆင့်တုံးအဖျားပိုင်းနှင့် မြင့်ထွန်း၏ နောက်စေ့အား ရိုက်မိပြီး ဦးခေါင်းနောက်စေ့ကြေမွဒဏ်ရာ၊ ဝဲဘက်နားထင် လက်မဝက်ခန့်ပေါက်ပြဲဒဏ်ရာတို့ဖြင့် အခင်းဖြစ် နေရာ တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 

ယာဉ်(၂)စီးအား ပေါ့ဆစွာမောင်းနှင်သူ စိန်ထွန်းနှင့် ဥာဏ်မင်းတို့အား ဆောမြို့နယ်၊ ကျောက်ထု နယ်မြေ ရဲစခန်း ယာဉ် (ပ)၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video