၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့ နေ့လည် (၁) နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ ကင်ပွန်းတောင်အုပ်စု၊ ကသာကျေးရွာတွင် လူမရှိခိုက် မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် ၄ ပင် ၃ ပင် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်(၁)လုံးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိပါသည်။
တောင်တွင်းကြီးမြို့နယ်၊ ကင်ပွန်းတောင်အုပ်စု၊ ကသာကျေးရွာနေ ထွန်းအေး(၂၅) နှစ်၏ ၄ပင် ၃ ပင် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်(၁)လုံးအား လူမရှိခိုက် မီးဖို မီးကြွင်း မီးကျန်မှ မီးလောင်ကျွမ်း သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်(၂)စီး၊ ဆတ်သွားနယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင် များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွာသူ/သားများမှ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ နေ့လည် (၁း၄၀)အချိန် မီးငြိမ်းခဲ့၍ တန်ဘိုး ၃ဝဝဝဝိ/-ခန့် မီးလောင် ဆုံးရှုံးခဲ့ပြီး ကျား ၂ ဦး၊ မ ၂ ဦး တို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ ၄င်းတို့မိသားစုသည် တစ်ရွာ တည်းနေ ဆွေမျိုး သားချင်းနေအိမ်တွင် နေထိုင်လျှက်ရှိကြောင်း သိရှိရသည်။ မီးအားပေါ့ဆစွာ သုံးစွဲသူ ထွန်းအေး အား တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း (ပ) ၇၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment