၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့ နံနက် (၃) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ရှင်မကန်ကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ၄ လုံး မီးလောင်ခဲ့ပြီး တန်ဘိုး (၂၉ဝ,ဝဝဝိ/-) ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ပခုက္ကူမြို့နယ်၊ ရှင်မကန်ကျေးရွာနေ ဦးမြင့်လှ(၆၁)နှစ်၏ ၄ ပင်ပတ်လည် ထန်းလက်မိုး၊ ထရံကာ ၊ ဝါးကြမ်းခင်းနေအိမ်၏ မီးဖိုမီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့ရာ ဦးစောပိုင်၏ ၅ ပင် ပတ်လည်၊ သွပ်မိုး ၊ အုတ်နံရံ ကပ်၊ အုတ်ခင်း ၊ မြေစိုက် အိမ်(၁)လုံး၊ ဒေါ်လှမြင့်၏ ၄ ပင်ပတ်လည် ထန်းလက်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်(၁)လုံး၊ တင့်ဇော်၏ ၃ပင် ၂ ပင် သွပ်မိုး၊ အုတ်နံရံကပ်၊ သံမံတလင်းခင်းနေအိမ် (၁)လုံးတို့ပါ မီးကူးစက်လောင်ကျွမ်းခဲ့ရာ ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးစီး သည့် တပ်ဖွဲ့ဝင်များ၊ မီးသတ် ယာဉ် ၅ စီး၊ ကမ္မနယ်မြေရဲစခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/သား များမှ ဝိုင်းဝန်းငြိမ်းသတ် မှုကြောင့် နံနက် (၃) နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး တန်ဘိုး(၂၉ဝ,ဝဝဝိ/-) ခန့် ဆုံးရှုံးခဲ့ကာ ကျား ၄ ဦး၊ မ ၁၂ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသဖြင့် မီးအားပေါ့ဆစွာ သုံးစွဲသူ မြင့်လှအား ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်း (ပ) ၃ဝ/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေး ယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။


0 comments:
Post a Comment