၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး မြို့နယ်၊ စကုမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရွှေတိုင်ရပ်နေ မသီတာဝင်း(၄၄)နှစ်သည် အလုပ် အကိုင်အတည် တကျမရှိဘဲ ငွေကြေးများကိုအလွန်သုံးစွဲနေကြောင်းသတင်းအရ စကုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မသီတာဝင်းအား သွားရောက်မေးမြန်းခဲ့ကြောင်း သတင်း ရရှိပါသည်။
မသီတာဝင်း(၄၄)နှစ်၏လက်ဝယ်မှ အလေးချိန် ၄ပဲ ၅ ရွေးခန့်ရှိ နှစ်ထပ်ဆွဲကြိုးတစ်ကုံး၊ ကာလ တန်ဘိုး ၂၂ဝ,ဝဝဝိ/-၊ အလေးချိန် ၈ ပဲ ၂ရွေးခန့်ရှိ သံကြိုးဆောက်ဖြတ် ဆွဲကြိုးတစ်ကုံး၊ ကာလ တန်ဘိုး ၃၇ဝ,ဝဝဝိ/၊ အလေးချိန် ၁ ပဲ ၃ ရွေးခန့်ရှိ ပန်းအိုးပုံဆွဲသီးတစ်ခု၊ ကာလတန်ဘိုး ၇ဝ,ဝဝဝိ/-တို့အား တွေ့ရှိရပြီး စစ်ဆေးမေးမြန်းရာ ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်း မရှိသည့်အပြင် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်ရာ ရွှေထည်ပစ္စည်း(၃)မျိုး၊ စုစုပေါင်း တန်ဘိုး ၆၆ဝ,ဝဝဝိ/- ခန့်အား လက်ဝယ်ထားရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မသီတာဝင်းအား အရေးယူပေးရန် ၁.၅.၂ဝ၁၅ ရက်နေ့ ၁၉၃၅ အချိန် ရဲအုပ် တင်ဝင်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်း (ပ)၆၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:
Post a Comment