Tuesday, April 28, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ည(၁၁း၃၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရွှေကြာအင်း(၁) ရပ်ကွက်၊ ကားကြီးကွင်းမြောက်ဘက် ၀င်ပေါက်အနီးတွင် အုန်းတော(၁)ရပ်ကွက်နေသူ မအေးအေးခိုင် (၃၅)နှစ်အား တွေ့ရှိရသဖြင့် သက်သေ များနှင့် အတူစစ်ဆေးရာ မအေးအေးခိုင်သည် ပြည့်တန်ဆာ ပျော်ပါးလိုသူများကို စောင့် ဆိုင်း နေကြောင်းနှင့် ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကြောင်း ပြုနေသူဖြစ်ကြောင်း စုံစမ်းသိရှိရ သဖြင့် မအေးအေးခိုင်အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၂၉/၂၀၁၅၊ ပြည့်တန်ဆာ နှိပ် ကွပ်ရေး ဥပဒေပုဒ်မ ၇(၁)(က) အရ အမှုရေးဖွင့်ဆောင်ရွက် လျက်ရှိ ကြောင်း၊
အဆိုပါလှည့်ကင်းအဖွဲ့မှ ည (၁၁း၃၅)နာရီအချိန်ခန့်တွင် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရွှေကြာအင်း(၁) ရပ်ကွက်၊ ကားကြီးကွင်း မြောက်ဘက် ၀င်ပေါက်အနီး တွင် အုန်းတော(၁)ရပ်ကွက်နေသူ မရှမ်းမ(၂၄)နှစ်အား တွေ့ရှိရသဖြင့် သက်သေများနှင့် အတူ စစ်မေးရာ မရှမ်းမသည် ပြည့်တန်ဆာပျော်ပါး လိုသူများကို စောင့်ဆိုင်းနေကြောင်းနှင့် ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကြောင်း ပြုနေသူဖြစ်ကြောင်း စုံစမ်းစစ်ဆေးသိရှိရသဖြင့် မရှမ်းမ အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း(ပ)၁၃၀/၂၀၁၅၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေပုဒ်မ ၇(၁)(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
အလားတူ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက်(၁)နာရီအချိန်ခန့်တွင် မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်း ဆောင် ရွက်နေစဉ် မကွေးမြို့၊ ရန်ဝေးရပ်ကွက်နေသူ မသင်းသင်းလှိုင်(၂၇)နှစ်သည် ကားကြီးကွင်း အနီးတ၀ိုက် တွင် ပြည့်တန်ဆာကိစ္စဖြင့် အမြဲအသက်မွေး သူဖြစ်ပြီး ပြည်တန်ဆာလုပ်ငန်းလုပ်ကိုင်ရန် မကွေးမြို့၊ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် အဝေရာလမ်းထောင့်သို့ ရောက်ရှိနေသဖြင့် မသင်းသင်းလှိုင်အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၁၁၈/၂၀၁၅၊ ပြည့်တန်ဆာ နှိပ်ကွပ် ရေး ဥပဒေပုဒ်မ ၇(၁)(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video