Tuesday, April 28, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ်၊ ညောင်ကုန်း ကျေးရွာတွင် မိုးကြိုး လျှပ်စစ် စက်ကွင်းမိ၍ အမျိုးသမီး (၁)ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံး သူမှာ ညောင်ကုန်းကျေးရွာနေသူ မလုံး(၄၄)နှစ်ဖြစ်ပြီး ၄င်းသည် ညောင်ကုန်း ကျေးရွာ တောင်ဘက် အစပ်ရှိ ဦးစန်းဌေး၏ နေအိမ်ဝိုင်းအတွင်း၌ ဆိတ်ကြောင်းနေရာမှ မိုးသက် လေပြင်း တိုက်ခတ်လာသဖြင့် အနီးရှိ မန်ကျီးပင်အောက်သို့ ၀င်ရောက်ခိုလှုံစဉ် မန်ကျီးပင်အား မိုးကြိုးပစ်ရာ မလုံးမှာ လျှစ်စစ်စက်ကွင်း မိပြီး လည်ပင်း၊ ရင်ဘတ်၊ တင်ပါးတို့တွင် အမဲကွက်များဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ ရသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အတွက် ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video