Tuesday, April 28, 2015
1:59 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး၊ ၂၀၁၅ ခုနှစ် ၊ ဧပြီလ (၂၈) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၅) ဒုတိယနေ့ကို (၂၈.၄.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။
ဆက်လက်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင် စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင် နှင့် ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင် မကွေးမြို့နယ် မဲဆန္ဒ နယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်မောင် တို့က ဖတ်ကြား တင်ပြပါသည်။
၎င်းနောက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေကြမ်း တစ်ပိုဒ်
ချင်းစီ နှင့် ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း တစ်ပိုဒ်ချင်းစီ တို့ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ ပထမအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် အထူး အစည်း အဝေး(၁/၂၀၁၅) ဒုတိယနေ့ကို (၁၀၄၅)အချိန်တွင် ရပ်နားကြောင်းနှင့် တတိယနေ့အစည်း အဝေးကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၉ ရက် (ဗုဒ္ဓဟူးနေ့) (၁၀၀၀) နာရီအချိန်တွင် ဆက်လက် ကျင်းပ မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ညီညီမောင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment