Tuesday, June 30, 2015

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ ညနေ (၃) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေ အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် တရော်ကုန်းရပ်ကွက်၊ တိုးချဲ့(၁)လမ်း အရောက် တွင် အောင်လံမြို့၊ ဇေယျဝတီရပ်ကွက်နေသူ ကျော်ဇင်ဦး (၃၄)နှစ်သည် BONOR U-10 အနက်ရောင် လက်ကိုင်ဖုန်း ဟန်းဆက်(၁)လုံးအား လိုက်လံရောင်းချနေကြောင်း သတင်းအရ စစ်မေးရာ ၄င်း ပိုင်ဆိုင်ကြောင်း ပြောဆိုနိုင်ခြင်း မရှိသည့်အပြင် လွန်ခဲ့သော(၁၀)ရက်ခန့်က HUAWEI C-8813D ဖြူနက် လက်ကိုင်ဖုန်း (၁)လုံးအား တရော်ကုန်းရပ်ကွက်နေ ကိုမျိုးချစ်ထံသို့ ငွေ-၃၀၀၀၀ိ/-ဖြင့် ရောင်းချ ခဲ့ကြောင်း ပေါ်ပေါက်ပြီး အဆိုပါ ဖုန်းနှင့်ပတ်သက်၍လည်း ပိုင်ဆိုင်ကြောင်း အထောက် အထား တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်း မရှိသဖြင့် နေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာ သည်ဟု မသင်္ကာ၍ ကျော်ဇင်ဦးအား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ နံနက် (၆) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးတင်ထွဏ်း (၃၈)နှစ်နှင့်အဖွဲ့ သည် တောင်တွင်းကြီး မြို့အ၀င် မောင်းတိုင်ဂိတ်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် အောင်လံဘက် မှ တောင်တွင်းကြီး ဘက်သို့ တောင်တွင်း ကြီးမြို့နယ်၊ ချောင်းနက်အရှေ့စု ကျေးရွာနေသူ ယာဉ်မောင်း နော်လွန်းဇော် (၃၇)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 6A/1174 (၆)ဘီးအပြာ DONFENG ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမ၀င် ကျွန်းသစ်(၁)လုံး (၀.၀၆၇၆)တန် (တန်ဘိုး-၁၀၁၄၀ိ/-)၊ ကျွန်းဒါးရွှေ (၁၇)ချောင်း (၁.၅၇၀၂)တန် (တန်ဘိုး-၄၇၁၀၆၀ိ/-)၊ ကျွန်းမျှောတိုင် (၄)လုံး (၀.၂၄၀၈)တန် (တန်ဘိုး- ၈၀၀၀ိ/-)၊ နှောတိုင်(၂)လုံး (၀.၁၂၈၂)တန် (တန်ဘိုး-၂၄၀၀ိ/-)၊ နှော ဒါးရွှေ တုံး(၂)တုံး (၀.၁၅၈၈)တန် (တန်ဘိုး-၁၂၇၀၄ိ/-)၊ စုစုပေါင်း ကျွန်း(၁.၈၇၈၆)တန်၊ အခြားသား (၀.၂၇၈၀)တန်၊ စုစုပေါင်းတန်ဘိုး-၅၀၄၃၀၄ိ/-တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် တရားမ၀င် ကျွန်း သစ်နှင့် အခြားသားသစ်များ သယ်ဆောင်သူ နော်လွန်းဇော် အား အရေးယူပေးပါရန် ၂၉.၆.၂၀၁၅ ရက်နေ့ တွင် မြို့နယ်သစ်တောဦးစီးအရာရှိ ဦးတင်ထွဏ်းမှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း(ပ)၂၆၁/၂၀၁၅၊ သစ်တောဥပဒေပုဒ်မ ၄၃(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။

Sunday, June 28, 2015






မကွေး   ဇွန်    ၂၈
    ၂၀၁၅ခုနှစ် ဇူလိုင်(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲကို ယနေ့နံနက်(၈)နာရီက မကွေးမြို့ လမ်းငါးသွယ်အ၀ိုင်းပတ်တွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်ဇနီး မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာ နာယက ဒေါ်စမ်းစမ်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသူများတို့ တက်ရောက်ါသည်။
    မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာဥက္ကဌ ဒေါ်သင်းသင်းထွေးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ နာယက ဒေါ်စမ်းစမ်းမြင့်က ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပါသည်။
    ဆက်လက်ပြီးမကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၏ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြန်မာ့ရိုးရာအစားအစာရောင်းချပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုပဒေသာကပွဲ၊ ၀တ်စားဆင်ယင်မှုပြိုင်ပွဲကို မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်အားပေးပါသည်။
ယင်းနောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲနှင့် ၀တ်စားဆင်ယင်မှုပြိုင်ပွဲကို ဆက်လက် ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူလေးများက မြန်မာအမျိုးသမီး များနေ့သီချင်းဖြင့် ဂုဏ်ပြု သီဆိုဖျော်ဖြေခဲ့ပြီး ပေါင်းစုညီညာအမျိုးသမီးရေးရာ၊ ဗိုလ်ရှုသဘင်၊ ထာဝရသစ္စာ၊ မိုးဇာဗြောများဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ်မှ ကျောင်းသား/သူများက ချင်းရိုးရာတေးသရုပ်ဖော်အက၊ မကွေးတက္ကသိုလ်မှ မွန်တို့ဌာနေ ရာမညမြေ၊ ပညာရေးကောလိပ်မှ သားလိမ္မာအကများ၊ အခြေခံကျန်းမာရေးတက္ကသိုလ်မှ ကျောင်းသား/သူများက ရှမ်းရိုးရာအကများဖြင့်လည်းကောင်း၊ အမျိုးသမီး ရေးရာ အဖွဲ့များက ခန့်ညာဝင့်ထည်လှသွေးကြွယ်မျိုးနွယ်ဂုဏ်မြင့်ပွဲလယ်တင့်အမည်ဖြင့် မြန်မာ့ရိုးရာ ၀တ်စား ဆင်ယင်မှုများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြပါသည်။
    ယင်းနောက် ဆုရရှိသူများအား မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စမ်းစမ်းမြင့်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
တောင်တွင်းကြီး   ဇွန်   ၂၈
    မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ဆူးကောက်ကြီးအုပ်စု ညောင်ကုန်းကျေးရွာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းအား အခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲကို ဇွန်လ (၂၈)ရက် နံနက်(၉)နာရီကကျင်းပရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးခင်ဇော်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးစောဝင်းမောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သိန်း၊ လ/ထပညာရေးမှူး ဦးလှမြင့်နှင့် ဆူးကောက်ကြီးအုပ်စု အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖြန်းပေးခဲ့ ပါသည်။
    ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးခင်ဇော်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးစောဝင်းမောင်က ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးကာ ကျောင်းအဆင့်တိုးမြှင့်ခြင်းအထိမ်း အမှတ်အလံများကို အုပ်စုအုပ်ချုပ်ရေးမှူးက တာဝန်ရှိသူများထံပေးအပ်ခဲ့သည်။   
    အဆိုပါစာသင်ကျောင်းဖွင့်လှစ်ပေးခဲ့သဖြင့် ညောင်ကုန်းကျေးရွာက ကျောင်းသား/သူများ အခြေခံပညာမူလတန်းကို မိမိတို့ကျေးရွာ၌ပင် အေးချမ်းစွာ ပညာသင်ကြားနိုင်ပြီဖြစ်ကြောင်း ကျောင်းသားမိဘ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

မကွေး   ဇွန်   ၂၈
    ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး ဆွေးနွေးပွဲကို ယနေ့နံနက်က မကွေးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းက အမှာစကားပြောကြားပြီး အမျိုးစားပညာရေးဥပဒေနှင့် ဆက်စပ်ဥပဒေများကိုရှင်းလင်းတင်ပြရာတွင်  မကွေးမြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက အခြေခံပညာရေးဥပဒေ(မူကြမ်း)ကို လည်းကောင်း၊ ချောက်မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ဝင်းက နည်းပညာနှင့် အသက်မွေးပညာရေးဥပဒေ(မူကြမ်း) ကိုလည်းကောင်း၊ တောင်တွင်းကြီးမြို့နယ် ဒုတိယ ပညာရေးမှူး  ဦးဆက်အောင်က ပုဂ္ဂလိကပညာရေး ဥပဒေ(မူကြမ်း)ကိုလည်းကောင်းဖတ်ကြားပါသည်
ယင်းနောက် ဒေသလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအမြင်ဖြင့် မူကြိုမှ အဆင်မြင့်ပညာအထိ လိုအပ်ချက်များ၊ ကျောင်းပြင်ပ ပညာရေး၊ အသက်မွေးပညာရေးလိုအပ်ချက်များ၊ ကျောင်း၊ သင်ထောက်ကူနှင့် ဆရာလိုအပ်ချက်များကိုက်ညီစီမံနိုင်ရန် လိုအပ်ချက်များ၊ အခြေခံပညာရေးဥပဒေ(မူကြမ်း)၊ နည်းပညာနှင့် အသက်မွေးပညာရေးဥပဒေ(မူကြမ်း)၊ ပုဂ္ဂလိကပညာရေးဥပဒေ(မူကြမ်း)များနှင့် ပတ်သက်သည့် အကြံပြုချက်များကို  ပြန်လည်ဆွေးနွေးကြပါသည်။
အဆိုပါ ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အငြိမ်းစားပညာရေးဝန်ထမ်းများ၊ တက္ကသိုလ်/ကောလိပ်များမှ ဆရာ/မများ၊ တိုင်း/ခရိုင်/မြို့နယ်မှ ပညာရေးဝန်ထမ်းများ၊အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်းသိရသည်။
အောင်လံ ဇွန်လ ၂၆ ရက်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင်၂၀၁၅ ခုနှစ်ဇွန်လ၂၆ရက်နံနက်၉နာရီအချိန်က
အောင်လံမြို့အ-ထ-က(၁) ရွှေရတုခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု့နှင့်တရားမ၀င်
ရောင်းဝယ်မှု့တိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပခဲ့သည်။
    အခမ်းအနားတွင်အောင်လံမြို့နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရယ်
တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဆင့်ကအဖွင့်အမှာစကားပြောကြားပြီးနောက်
မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့
ဥက္ကဌပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ထံမှ ပေးပို့သည့် သ၀ဏ်လွှာအားမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ကိုကိုကဖတ်ကြားခဲ့ပြီးနောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး
ဝါးအလွဲသုံးမှု့နှင့်တရားမ၀င်ရောင်းဝယ်မှု့တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပန်းချီ၊ကာတွန်း၊စာစီစာကုံး၊
ပိုစတာပြိုင်ပွဲများတွင်ဆုရရှိကြသူကျောင်းသား၊ကျောင်းသူ  (၁၃)ဦးတို့အား  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှု့ဆောင်အရာရှိ ဦးမောင်မောင်အေး  မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်အေးအေးသန့်နှင့်အ-ထ-က(၁)ကျောင်း အုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေးတို့မှဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့ မြန်မာ့လယ်ယာဖွံ့ ဖြိုရေးဘဏ်မှ မိုးသီးနှံစိုက်ပျိုးတောင် သူမျာတွက် စိုက်ပျိုးစရိတ်ကို မေလ၂၈ရက်နေ့ မှစတင်ကာ ချေးငွေများကိုစတင်ထုတ်ချေး ပေးလျှက်ရှိကြောင်သိရှိရသည်။
ရေစကြိုမြိုနယ်တွင် မိုးသီးနှံစိုက်ပျိုးတောင်သူကျေးရွာအုပ်စု(၇)အုပ်စုမှ တောင်သူ(၅၈၃)ဦး ရှိပြီး မိုးစပါး(၁)ဧကလျှင် (၁)သိန်းကျပ်၊အခြာသီးနှံ(၁)ဧက(၂)သောင်းကျပ်နှုန်းတိုဖြင့် ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးစိုက်ဧက(၉၄၇)ဧက ၊အခြားသီးနှံ(၁၂၉၆)ဧကရှိသည်။ စတင်ထုတ်ချေးသည့်နေ့ မှ ဇွန် ၂၆ ၇က်နေ့ ထိ ကျပ်သိန်း(၁၂၀၆၂၀၀၀၀) သိန်းအား မြိုနယ်လယ်ယာဖွံ့ ရေးဘဏ်မှ ထုတ်ချေဲး့ပေးခဲ့ကြောင်း သတင်းရှိသည်။
ဂန့်ဂေါ ဇွန် ၂၆
    ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်များတွင် ဇွန် ၈ ရက်မှ ၂၁ ရက်ထိထုတ်ပြန်ကြေညာခဲ့ရာ အမည်မပါသူများ၊ အ မည်(သို့) အချက်အလက်မှားယွင်းမှုများ၊မဲစာရင်းတွင်မပါဝင်သင့်သူများတို့နှင့် စပ်လျှဉ်း၍
 လျှောက်ထားရမည့် အချက်အလက်များတို့ကို မဲစာရင်းတွင်ပါရှိသူများ မဲပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံချက်များ ဖော်ပြပါရှိသည်။
    ထိုသို့ကြေညာခဲ့ရာ အဆိုလွှာတင်သွင်းခြင်း၊ ပြင်ဆင်လွှာတင်သွင်းခြင်း၊ ကန့်ကွက်လွှာတင်သွင်းခြင်း တို့အရ ဂန့်ဂေါမြို့နယ်တွင် မူလအခြေခံမဲစာရင်း ၉၄၁၅၄ မှ အခြေခံမဲစာရင်း ၉၄၅၀၈ ဦးရှိပြီး ၃၅၄ ဦးတိုးလာ ခြင်း၊ ထီးလင်းမြို့နယ်တွင် မူလအခြေခံမဲစာရင်း ၃၈၉၀၁ ဦးမှ အခြေခံမဲစာရင်း ၃၈၈၈၆ ဦးရှိပြီး ၁၅ ဦး လျှော့ သွားခြင်း၊ ဆောမြို့နယ်တွင် မူလအခြေခံမဲစာရင်း ၅၂၂၃၈ ဦးမှ အခြေခံမဲစာရင်း ၅၂၅၀၇ ဦးရှိပြီး ၂၆၉ ဦးတိုး လာခြင်းများ ရှိလာသည့်အတွက် ခရိုင်အတွင်းရှိ မူလအခြေခံမဲစာရင်း ၁၈၅၂၉၃ မှ တောင်းဆိုလွှာ၊ ပြင်ဆင် လွှာ၊ ကန့်ကွက်လွှာများတင်သွင်းပြီးသည့်အခါတွင် အခြေခံမဲဆန္ဒရှင်စာရင်းမှာ ၁၈၅၉၀၁ ဖြစ်ကြောင်းနှင့် အဆို ပါစာရင်းတွင် တပ်မတော်သားများ၊ အတူနေမဲဆန္ဒရှင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အတူနေအိမ်ထောင်စုမဲဆန္ဒရှင် စာရင်းများ ပါဝင်ခြင်းမရှိကြောင်း ဂန့်ဂေါခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ကြေညာချက်အရ သိရ သည်။


မင်းဘူး        ဇွန်       ၂၇
    မင်းဘူး(စကု)မြို့နယ်တွင်တည်ရှိသော မန်းစက်တော်ရာဘုရားကြီးမှ အောက်စက်တော်ရာ ပါဒအောက်ခြေတော်ရာမြတ်အား ဇွန်လ(၂၄)ရက်နေ့မှ မိုးသည်းထန်စွာ စတင်ရွာသွန်းခဲ့ရာ ဇွန်လ(၂၇)ရက်နေ့ တွင် နမ္မဒါမန်းချောင်းရေသည် မြင့်တက်လာခဲ့ပြီး အောက်စက်တော်ရာ တန်းဆောင်တော်၏ အတက်လှေးကား သုံးထစ်ထိ အရောက် ဦးခိုက်ပူဇော်လျက်ရှိကြောင်းတွေ့မြင်သိရှိရသည်။

မင်းဘူး        ဇွန်       ၂၇
    မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနရှိ မီးသတ်စခန်းအား အဆောက်အဦသစ် တိုးချဲ့ ဆောက်လုပ်ရန် ဇွန်လ(၂၇)ရက်နေ့ နံနက်(၈)နာရီအချိန်က ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လင်းအောင်မှ  မင်္ဂလာအခါတော်အချိန်တွင် အဆောက်အဦ ဗဟိုပန္နက်အား (၉)ချက်ရိုက်၍ ပန္နက်တင်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
    အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့ဝင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး၊တိုးချဲ့မီးသတ်စခန်းအဆောက်အဦအား ပြည့်စုံလျှံဆောက်လုပ်
 ရေးမှ တာဝန်ယူ၍ (၆၅x၅၂x၂၆)ပေ၊(၅)ယူနစ် RCC (၂)ထပ် မီးသတ်စခန်းကို တာဝန်ယူဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ငဖဲ     ဇွန်     ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်  ၉ နာရီက ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးကြီး ဥာဏ်ကီးရှိန် မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟို အဖွဲ့ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ထံမှ ပေးပို့သည့် သ၀ဏ်လွှာကို ဖတ်ကြား၍လည်းကောင်း၊ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်အောင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မူးယစ်ဆေးဝါး အထိမ်းအမှတ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊စာစီစာကုံး၊ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများ အားဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အထိမ်းအမှတ်နှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးပညာပေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲများကို တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ဆရာ/ဆရာမများနှင့်ကျောင်းသား ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရှိရသည်။

ငဖဲ   ဇွန်  ၂၃
        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ် မူလငွေလုံးငွေရင်းရန်ပုံငွေ (၂.၅) သန်းဖြင့် မင်းလွင်ကျေးရွာအုပ်စု၊ အိုးမြေခုံကျေးရွာ (၄´Ø) လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်းအား လင်းလက်ဝေကုမ္ပဏီမှတာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။
        အဆိုပါ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် အဖွဲ့မှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ယင်းလုပ်ငန်းနှင့် ပတ်သက်၍ ဒေသခံ တစ်ဦးမှ ကျွန်တော်တို့ကျေးရွာက ယခင်က မန်းချောင်းဘေးမှာတည်ရှိပြီး သောက်သုံးရေအခက်အခဲမရှိသုံးစွဲခဲ့ရပါတယ် မန်းချောင်းရေလှောင်တမံ တည်ဆောက်တော့ ရေမြုတ်ဧရိယာပါဝင်နေလို့ ဒီနေရာကိုပြောင်းရွှေ့ခဲ့ရတာပါ ဒီနေရာရောက်တော့ သောက်သုံးရေအခက်အခဲတွေ တော်တော်လေးကြုံခဲ့ရတယ် ခုတော့ မြို့နယ်မှစီစဉ်ပေးလို့ သောက်သုံး ရေတွင်းတွေရရှိနေပါပြီ ဒီတွင်းပြီးသွားရင်တော့ ပိုပြီးအဆင်ပြေသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငဖဲ   ဇွန်  ၂၃
        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ် မူလငွေလုံးငွေရင်းရန်ပုံငွေ (၂.၅) သန်းဖြင့် နယ်ဇောကျေးရွာအုပ်စု၊ နယ်ဇောကျေးရွာ (၂၅၀၀)ဂါလံဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းအား လင်းလက်ဝေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။
        အဆိုပါ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် အဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၄င်းကျေးရွာတွင် သောက်သုံးရေကို ကျေးရွာဖြင့် ဝေးကွာသည့်နေရာမှ သယ်ယူသုံးစွဲခဲ့ရပြီး ယခု တည်ဆောက်သည့် အုပ်ရေကန်မှာ ကျေးရွာအတွင်းတွင် တည်ဆာက်ခဲ့ပြီး ဆောက်လုပ်ပြီးစီးပါက ကျေးရွာပြည်သူများ သောက်သုံးရေကို အဆင်ပြေ လွယ်ကူစွာသုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါ ဇွန် ၂၅
    ဂန့်ဂေါမြို့နယ် မြစ်သာမြစ်အရှေ့ဖက်ရှိ ကျေးရွာများသည် ဆန်စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများ စိုက်ပျိုးထွက်ရှိမှု ပေါများသော်လည်း ထွက်ရှိသည့်သီးနှံများ ပို့ဆောင်ရောင်းဝယ်ရာတွင်
 မြစ်သာမြစ်အနောက် ဖက်ရှိ ကားလမ်း၊ ရထားလမ်းရှိသည့် ကျေးရွာများသို့ လှည်းခရီးတစ်တန်၊ လှေခရီးတစ်တန်ဖြင့် သွားရောက်ပို့ ဆောင်ကြရသဖြင့် အချိန်ကုန်၊ လူပန်း၊ ငွေကုန်ဖြစ်ခဲ့ကြရသည်။ အဆိုပါအခက်အခဲကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြစ်သာမြစ်အရှေ့ဖက်တွင် ကျေးလက်လမ်းဖောက်လုပ် လျှက်ရှိသဖြင့် မကြာမီ ကာလ၌ သွားလာပို့ဆောင်မှု လွယ်ကူလာမည်ဟု သိရသည်။
    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်၌ အဆိုပါ မြစ်သာမြစ် အရှေ့ဖက်ရှိ မိုးစို၊ မိုးစိုရွာသစ်၊ ချောင်းကောက်၊ ရွာမ၊ အလယ်ရွာ၊ မြင်သား၊ ကုန်းရွာ၊ စမ်းမြို့၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ ဝင်ဝ စသည့်ကျေးရွာများကို ဆက်သွယ်သွား လာနိုင်သည့် မြေသားလမ်းကို ဇွန် ၂ ရက် နေ့ကစတင်လျှက် မြို့ဖေမိသားစုကုမ္ပဏီက   ဖောက်လုပ်လျှက်ရှိရာလမ်းအရှည်၁၄ဒသမ၄မိုင်ရှည် မြေသားလမ်းအဖြစ်ဖောက်လုပ်ခြင်းဖြစ်ပြီး
 မြေသားလမ်း နှင့်အတူ သစ်သားတံတား ၁၅ စင်း၊ ရေပြွန် ၁၄ ခု၊ ရေကျော် ၄ ခုတို့ကိုပါဆောက်လုပ်သွားမည်ဖြစ်ကာ ဌာနမှ ငွေကျပ် ၆၆၆ သန်း ခွင့်ပြုထားကြောင်း သိရသည်။
    အဆိုပါလမ်း ဖောက်လုပ်နေမှုအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဌာန ဝန်ကြီး ဦးဝင်းမြင့်မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီဥက္ကဌ ဦးနိုင်ဦးတို့နှင့်တာဝန်ရှိသူများသည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
    “ လမ်းဖောက်နေထာ မြင်ရတော့ သိပ်ဝမ်းသာတယ်ဗျာ၊ လမ်းပန်း၊ဆက်သွယ်၊ သွားလာရေးသာမက ဒေသထွက်သီးနှံတွေ ကျေးရွာအတွက် လိုအပ်တဲ့ကုန်ပစ္စည်းတွေ လွယ်လွယ်ကူကူ ပို့ဆောင်၊ သယ်ယူနိုင်တော့ မှာဖြစ်ပါတယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာလဲ ကျွန်တော်တို့လမ်းနဲ့ တစ်ဆက်တည်း ကျေးလက် လမ်းဖောက်လုပ်နေတယ်လို့ သိရပါတယ်၊ ဆက်သွယ်၊ သွားလာမှုအဆင်ပြေသွားရင် လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေးစတာတွေ အားလုံးအဆင်ပြေချောမွေ့သွားမှာပါ “ ဟု မိုးစိုကျေးရွာနေ ပြည်သူတစ်ဦး ကပြောသည်။


ဂန့်ဂေါ ဇွန် ၂၆
    အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်း အနားကို ဇွန် ၂၆ ရက်နံနက်တွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ အခြေခံပညာအထက်တန်းကျောင်း ပုံညာ ခန်းမ၌ကျင်းပရာ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က အမှာစကားပြောကြားပြီး
 ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သည့် သဝဏ်လွှာကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းထွန်းက ဖတ် ကြားသည်။  ဆက်လက်၍ခရိုင်ဥပဒေအရာရှိ ဒေါ်ခင်သင်းကြည်၊ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦး၊
 မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေတို့က ကဏ္ဍအလိုက်အသီးသီးဟောပြောကြသည်။
    ထို့နောက် ခရိုင်အဆင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသည့် အထက်တန်း၊ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ကြပြီး တက်ရောက်လာကြသူများသးည် အဆိုပါအခမ်းအနား တွင် ပြသထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှတ်တမ်းဓာတ်ပုံများ၊ ကာတွန်းများ၊ ပန်းချီများကို လှည့် လည်ကြည့်ရှုကြသည်။


မကွေး  ဇွန်   ၂၆
    ၂၈ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်(၈)နာရီက မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားပါသည်။
    ယင်းနောက် မကွေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်  တားဆီးကာကွယ်ရေးဥက္ကဌ မကွေးတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးနေ၀င်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားအတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်  တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုထံမှ ပေးပို့သည့် သ၀ဏ်လွှာကို ဖတ်ကြားသည်။
    ဆက်လက်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြုလုပ်ရာ ၂၈ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျုတာပန်းချီ၊  စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ရာ  ဗဟိုအဆင့်ကဗျာပထမဆုရရှိသူကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း၊ အထက်တန်း အဆင့်ဆုရရှိသူများကို ၀န်ကြီးချုပ်၏ ဇနီး ဒေါ်စမ်းစမ်းမြင့်ကလည်းကောင်း၊ ကွန်ပျူတာပန်းချီနှင့် ပိုစတာဆုရရှိသူများကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်က လည်းကောင်း၊  ကျန်ဆုများကို တာဝန်ရှိသူအသီးသီးမှပေးအပ်ချီးမြှင့်ခဲ့ပါသည်။
    အခမ်းအနားအပြီးတွင် ၀န်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၈ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထား သည့် နံရံကပ်ပြဘုတ်များ၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ချက်များကို လိုက်လံကြည့်ရှုအားပေးပါသည်။
    အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် ၀န်ကြီးများ၊ မကွေးတိုင်းဒေသကြီး ရဲမှူးကြီးနှင့် တိုင်းဒေသကြီး မူးယစ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ ကျောင်းသား/သူများတက်ရောက်ကြကြောင်းသိရသည်။
သရက် ဇွန် ၂၆
    မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု့နှင့် တရားမ၀င် ရောင်းဝယ်ရေး တိုက်ဖျက်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် (၂၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု့နှင့်တရားမ၀င်
 ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်မြို့နယ် အဆင့် ပန်ချီ/ကာတွန်း/ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ ဆုပေးခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အ-ထ-က(၁) စိန်ရတု ခန်းမအတွင်းကျင်းပခဲ့သည်။
    အဆိုပါ အခမ်းအနားတွင် ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆည်းကာကွယ်ရေးအဖွဲ့ ဥက္ကဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်မှ အဖွင့် အမှာစကားပြောကြားပေးခဲ့ပြိး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြိး ဦးမူက (၂၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု့နှင့် တရားမ၀င်ရောင်းဝယ်မှု့ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အတွက် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြိး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုထံက ပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားပေးခဲ့သည်။
    ထို့နောက် ခရိုင်ကျန်းမာရေးဥိးစီးဌာနမှူး ဒေါက်တာသီတာစိုးမှ မူးယစ်ဆေးဝါး သုံးစွဲရခြင်းကြောင့် ဖြစ်ပေါ်လာ သော ကျန်းမာရေးအကြောင်း သိကောင်းစရာများ ပြောကြားပေးပြိး ခရိုင်ဥပဒေအရာရှိ ဦးလှမြင့်မှ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများနှင့် ဥပဒေရေးရာများအား သိရှိနားလည်အောင်ပြောကြားပေးခဲ့သည်။   ယင်းနောက် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းဟန်ဥိး မှ မူးယစ်ဆေးဝါး အလွဲသုံးမှု့နှင့် တရားမ၀င်ရောင်းဝယ်မှု့ တိုက်ဖျက်ရေးနေ့ နှင့် စပ်လျဉ်း၍ သိကောင်းစရာများ ဟောပြောပေးခဲ့သည်။ အစီအစဉ်အရ မြို့နယ် အဆင့်ပန်ချီ  ကာတွန်း/ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ရာ မြို့နယ်အဆင့် (အလယ်တန်းအဆင့်)ပိုစတာ    ပြိုင်ပွဲ  ပထမဆုရရှိသူမောင်ကောင်းမြတ်သော်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကဆုချီးမြှင့်ပေးပြိး ကျန်ဆုများအား တာဝန်ရှိသူများက အသီးသီးဆုများပေးအပ်ခဲ့သည်။ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့  ဆက်ဆံရေးဥိးစီးဌာနမှ  ပြသထားသည့် မူးယစ်ဆေးဝါးနံရံကပ်စာစောင်နှင့် ဓါတ်ပုံပပြပွဲအား တက်ရောက်လာသည့် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာအကြိးအကဲများ /ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများက လိုက်လန်  ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မင်းဘူး            ဇွန်                ၂၆
    မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ မင်းဘူးမြို့  ၊အထက(၁)၊ဦးသြဘာသခန်းမတွင် ဇွန်လ ၂၆ ရက် နံနက် ၈ နာရီ အချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်အမှတ် အခမ်အနားကို ကျင်းပပြုလုပ်သည်။
    ရှေ့ဦးစွာ မင်းဘူးခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ၊ဦးစောနှင်းက အဖွင့်အမှာစကားပြောကြားပြီး ၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွန်း ကမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
    ယင်းနောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ပန်းချီ၊ ပိုစတာ ၊ ကာတွန်း ၊ ကွန်ပျူတာပန်းချီ ၊ စာစီစာကုံးပြိုင်ပွဲ များတွင် ဆုရရှိသည့် အထက်တန်း၊အလယ်တန်း  ကျောင်းသား၊ကျောင်းသူများကို ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးသက်ထွန်း ၊ ခရိုင်ဥပဒေအရာရှိ ဦးစောနှင်း ၊ ဒု- ခရိုင်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် နှင့် ခရိုင်အဆင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ၊ကျောင်းသူများ တက်ရောက် ကြကြောင်းသိရသည်။
တောင်တွင်းကြီး            ဇွန်                 ၂၆
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်လှည်းပွဲကြီးကျေးရွာအခြေခံပညာမူလတန်း
လွန်ကျောင်းအားအခြေခံပညာအလယ်တန်းကျောင်းခွဲအဖြစ်အဆင့်တိုးမြှင့်ဖွင့်လှစ် ပွဲကိုဇွန်လ ၂၆ ရက်နံနက်၁၀နာရီကဖွင့်လှစ်ရာအုပ်စုအုပ်ချူပ်ရေးမှူးဦးရန်ဝင်းအောင်ကအမှာစကားပြောကြားခဲ့ပြီး
တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးကြည်သိန်းနှင့်ကျောင်းအုပ်ဆရာကြီးတိုကနိုင်ငံတော်မှ ပညာရေးကဏ္ဍဘက်စုံဖွင့်ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များကိုလည်ကောင်းဆရာကြီးဦးမင်းသိန်းက
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတိုကိုအကျယ်တဝင့်ရှင်းလင်းဆွေးနွေးကာကျောင်းအဆင့်
တိုးမြှင့်ခြင်းအထိမ်းအမှတ်အလံများကိုကျောင်းအုပ်ဆရာကြီးကတာဝန်ရှိသူများထံပေးအပ်
ကာဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးကျောင်းဆိုင်းဘုတ်ကိုအမွေးနံသာရေများပတ်
ဖြန်းပေးခဲ့သည်။      အဆိုပါစာသင်ကျောင်းဖွင့်လှစ်ပေးခဲ့သဖြင့်လှည်ပွဲကြီးကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာတို
မှကျောင်းသားကျောင်းသူ၂၀၀ ကျော်တိုသည်အလယ်တန်းပညာကိုမိမိကျေးရွာ၌ပင်အေးချမ်းစွာ
ပညာသင်ကြားနိုင်းမည်ဖြစ်ကြောင်းကျောင်းအကျိုးတော်ဆောင်တစ်ဦး၏ပြောကြားချက်အရသိ
ရသည်။

နတ်မောက်            ဇွန်၂၇
နတ်မောက်မြို့ရှိဆုတောင်းပြည့်ဘုရားကြီးရင်ပြင်ရှေ့တွင်ခင်းကျင်းရောင်းချလျက်ရှိသောကုန်
စည်ပြပွဲနှင့်ဈေးရောင်းပွဲတော်တွင်မြို့ပေါ်မိဘပြည်သူများနှင့်ဈေးဝယ်သူများဖြင့်စည်ကားလျက်
ရှိကြောင်းတွေ့ရသည်။
ဈေးရောင်းပွဲတော်တွင်အထည်ဆိုင်၊စတီးဆိုင်၊ကြွေထည်ဆိုင်၊နာရီဆိုင်၊CDနှင့်DVDခွေဆိုင်
စားသောက်ဖွယ်ရာဆိုင်နှင့်ကလေးအပျော်စီးကစားကွင်းများစုံလင်စွာဖြင့်စည်ကားစွာရောင်း
ဝယ်လျက်ရှိသည်။အဆိုပါဈေးရောင်းပွဲတော်ကိုဇွန်၂၅ရက်မှ၃၀ရက်အထိစည်ကားသိုက်မြိုက်
စွာရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။                      လှဝင်း(iprd)

နတ်မောက်           ဇွန်၂၆မကွေးတိုင်းဒေသကြီးနတ်မောက်မြို့တွင်မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့်မြို့နယ်ရဲတပ်ဖွဲတို့ပူးပေါင်း
၍အောင်ဆန်းရပ်ကွက်ရှိအခြေခံပညာအလယ်တန်းကျောင်းတွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲ
သုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဟောပြောပွဲ၊နံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲအခမ်းအနား
ကိုဇွန်၂၆ရက်နံနက်၉နာရီကအဆိုပါကျောင်းတွင်ကျင်းပသည်။
အခမ်းအနားတွင်အလယ်တန်းပြဆရာမဒေါ်လှိုင်လှိုင်ဦးမှအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ပြန်/ဆက်
ဦးစီးမှူးဒေါ်ဥမ္မာခင်မှမူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာများကိုလည်းကောင်းမြို့နယ်ရဲတပ်ဖွဲ့ရဲအုပ်သီရိ
တင်မှမူးယစ်ဆေးဝါးများ၏ဆိုးကျိုးနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ
အကြောင်းကိုဟောပြောခဲ့ပြီးမူးယစ်ကင်စင်ကမ္ဘာတစ်ခွင်စာစီစာကုံးပြိုင်ပွဲမှဆုရရှိသည့်ကျောင်းသားလူငယ်
များကိုမြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့်မြို့နယ်ရဲတပ်ဖွဲ့ရဲအုပ်တို့ကဆုများအသီးသီးချီးမြှင့်ခဲ့သည်။ထို့နောက်မြို့ပေါ်
လူငယ်များစုပေါင်းလှူဒါန်းသည့်ဗလာစာအုပ်နှင့်ဘောပင်များကိုအလယ်တန်းရှိကျောင်းသားကျောင်းသူ(၁၂၂)ဦး
အားခွဲဝေလှူဒါန်းပေးပြီးမြို့နယ်ပြန်/ဆက်ဦးစီဌာနမှခင်းကျင်းပြသထားသည့်စာအုပ်၊စာစောင်၊နံရံကပ်နှင့်ဓါတ်ပုံ
များကိုကျောင်းသားလူငယ်များကလိုက်လံကြည့်ရှုမှတ်သားနေကြကြောင်းသိရသည်။             လှဝင်း(IPRD)
၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ညနေ (၄း၂၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပိုးဇာခင်းကျေးရွာ၏ မြောက်ဘက် (၁)ဖာလုံခန့်အကွာ ညောင်ပင် အောက် တွင် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း ဆယ်အိမ်စုမှူး ဦးလှဟန်၏ ရွာဖုန်းဆက် အကြောင်းကြား ချက်အရ ဆတ်သွားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေး ရာ သေဆုံးသူမှာ ပိုးဇာခင်းကျေးရွာနေ မဂွမ်းပုံ (၂၇)နှစ်ဖြစ်ပြီး ပက်လက်အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရ၍ ၄င်း၏ ယာဘက်ဘေးတွင် အရက်ဖြူများ ထည့် ထားသည့် (၄)ပုလင်းဆံ့ ပလပ်စတစ်ပုံး တစ်ပုံး ထောင်လျက် တွေ့ရှိပြီး သေဆုံးသူမှာ ယခင်ကလည်း အရက်အလွန်အကျွံ သောက်တတ်သူ ဖြစ်ကြောင်း ၄င်း၏မိသားစုမှ ပြောပြသိရှိရသဖြင့် ဓမ္မတာအ တိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေး နိုင်ရန် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း သေ မှုသေခင်း အမှတ်စဉ် ၆/၂၀၁၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နေ့လည် (၁၂း၁၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရဲစခန်း၌တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် သရက်မြို့၊ ပြည်တော်အေးရပ်ကွက်၊ (၄)လမ်းတွင် လူတစ်ဦးကြိုးဆွဲချ သေဆုံး နေကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရာဇာဦး၏ သတင်းပေးချက်အရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေး ရာ ပြည်တော်အေးရပ်ကွက်နေသူ ဆလိုင်းနိုင်ထွန်း (၅၀)နှစ်သည် အရက်အလွန် အကျွံ သောက်သူဖြစ်ပြီး စိတ်ဖောက်ပြန်ကာ ၄င်း၏ နေအိမ်အောက်ထပ် တမံသလင်းခင်း ဧည့်ခန်းရှိ အမြင့် ၆.၅ ပေခန့်ရှိ ထုတ်တန်းတွင် အရှည် ၂၀ ပေခန့်ရှိ အစိမ်းရောင် နိုင်လွန် ပလပ်စတစ်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေ သည်ကို တွေ့ရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင် ရန် သရက်မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိ ပါသည်။

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ည (၇း၅၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အထွေထွေ ရောဂါကုဆေးရုံကြီး ကလေးကုသဆောင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ကလေးဆောင် အပေါ်ထပ် စတိုခန်းတွင် ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက် နေသူ ဆေးရုံ သန့်ရှင်းရေး လုပ်သား မလှလှမြင့် (၄၈)နှစ်သည် ကလေးများအတွက် ဆန်ပြုတ်ပြုတ်ရန် လျှပ်စစ်ကွိုင် မီးဖိုဖွင့်ထားပြီး ဆန်ဆေးနေစဉ် လျှပ်စစ်မီးဖိုမှာ အပူရှိန်လွန်ကဲပြီး လျှပ်စစ်ကွိုင်မီးဖို မီးလောင်ကျွမ်းခဲ့ရာ မီးလောင်ရာသို့ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး၊ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ပခုက္ကူမြို့မရဲစခန်းမှူး ဦးစီး ရဲတပ်ဖွဲ့ဝင်(၅၀)ဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးစီး(၂၆)ဦး၊ အရန်မီးသတ် (၅၀)ဦး၊ ပြည်သူ(၁၀၀)ဦးခန့်တို့မှ ခရိုင်မီးသတ်ယဉ်(၄)စီး၊ အရန်မီးသတ်ယာဉ်(၃)စီး၊ မီးသတ်ဆေးဗူး (၁)ဗူးတို့ဖြင့် ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ည (၇း၅၇)အချိန်တွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် တန်ဘိုး ၇၅၀ိ/-ခန့်ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီးဖိုအား ပေါ့ဆစွာအသုံးပြုသူ မလှလှမြင့်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၇၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုရေးဖွင့် ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မအူအလယ် ကျေးရွာနေသူ ဆုတောင်းပြည့်ဘုရား ဂေါပကဥက္ကဌ ဦးထွန်းရွှေ (၆၈)နှစ်သည် နေအိမ်၌ရှိနေစဉ် မအူကျေးရွာ၊ မုံရွာ-ပခုက္ကူကားလမ်းအနီး တည်ထား ကိုးကွယ်သော ဆုတောင်းပြည့်မြတ်စွာဘုရား အာရုဏ်ခံ အဆောက်အဦ အတွင်းရှိ အလှူခံပုံးအတွင်းမှ အလှူငွေများ ခိုးယူခံရကြောင်း အစောင့်တာဝန်ကျ ဦးခင်မောင် မှ လာရောက်ပြောပြသဖြင့် သွားရောက်ခဲ့ပြီး အာရုဏ်ခံ အတွင်း တပ်ဆင်ထားသော လုံခြုံရေးကင်မရာ CCTVအား ပြန်လည်ဖွင့်ကြည့်ရာ ခိုးယူ သွားသူများမှာ တစ်ရွာတည်းနေ မောင်လင်း (၁၈)နှစ် နှင့် ရဲကိုကို (၂၂)နှစ် တို့ဖြစ်ကြောင်း သိရှိရပြီး မောင်လင်းမှ အသင့်ပါလာသော ဓါးမဦးဖြင့် အလှူခံပုံး ပတ္တာအားထိုးဖွင့်ကာ အလှူငွေ ၃၅၀၀ိ/-အနက်မှ ၁၀၀၀ိ/- နှင့် ၅၀၀ိ/- (၂)ရွက်၊ စုစုပေါင်း ၁၅၀၀ိ/-သာ ရွေးယူသွားပြီး ၅၀ကျပ်တန်နှင့် ၁၀၀ ကျပ်တန် (၂၀၀၀ိ/-)တို့အား ချန်ထားခဲ့ကြောင်း တွေ့ရှိရသဖြင့် အလှူငွေများ ခိုးယူသူ မောင်လင်းနှင့် ရဲကိုကိုတို့အား အရေးယူပေးရန် ၂၇.၆.၂၀၁၅ ရက်နေ့တွင် ဦးထွန်းရွှေမှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် ရေစကြိုမြို့နယ် မြို့မရဲစခန်း (ပ) ၁၀၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိပါသည်။


Saturday, June 27, 2015

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ ခံတပ်ကြီး (ဧရာဝတီမြစ်)ရေချိုးဆိပ်၌ လူတစ်ဦး ပျောက်ဆုံး သွားကြောင်း သတင်းအရ မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အား စစ်ဆေးရာ ရေချိုးနေစဉ် မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်းနေ သူရိန်စိုးနှင့် စစ်ပိုင်မှူးတို့ (၂)ဦး သည် ရေချိုးနေစဉ် တစ်ရပ်ကွက်တည်းနေ ချမ်းမြေ့အောင်(ခ) ထက်နိုင်ဝင်း၊ ၂၁ နှစ် ရောက်ရှိ လာပြီး ကမ်းနဖူး လှေကားမှတစ်ဆင့် မြစ်ထဲသို့ဒိုင်ပင်ထိုးချရာ ပြန်ပေါ်မလာဘဲ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ချမ်းမြေ့အောင်(ခ)ထက်နိုင်ဝင်းအား ဧရာဝတီမြစ် တစ်လျှောက် လိုက်လံရှာဖွေ ခဲ့ကြောင်း သိရှိရသည်။

 ၂၆.၆.၂ဝ၁၅ ရက်နေ့ ဝ၆ဝဝ အချိန်၌ ဥယျာဉ်ရွာ၊ သံတိုင်မြစ်ဆိပ်ကမ်း၌ လူသေအလောင်း တစ် လောင်း အား မင်းလှမြို့နယ် ဥယျာဉ်ရွာနေ အောင်ဘိုဝင်းမှ တွေ့ရှိကြောင်း သတင်းအရ သွား ရောက် စစ်ဆေးရာ ချမ်းမြေ့အောင်(ခ)ထက်နိုင်ဝင်း၏ အလောင်းဖြစ်ကြောင်း သိရှိရပြီး အလောင်း အား ပြင်ပဒဏ်ရာ မတွေ့ ရှိရဘဲ မှောက်ခုံအနေအထားဖြင့် သေဆုံးနေကြောင်း စစ်ဆေး တွေ့ရှိရ သဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် မင်းလှမြို့နယ်၊ မြို့မ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၄/၂ဝ၁၅ အရ အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။



၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်း မြို့နယ်၊ အင်းတဲကျေးရွာတွင် လယ်ရေယူသည့် ကိစ္စနှင့်ပတ်သက်၍ ၀ိုင်းဝန်းရိုက်နှက်ရာမှ လူသတ် မှုဖြစ်ပွား  လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

စလင်းမြို့နယ်၊ အင်းတဲကျေးရွာနေ ဒေါ်မုန်း (၃၉) နှစ်သည် နေအိမ်တွင်ရှိနေစဉ် ၄င်း၏ခင်ပွန်းကိုငြိမ်း (ခ) ခင်မောင်ငြိမ်း(၅၃)နှစ်၏ တူတော်စပ်သူ သန်းဦး ရောက်ရှိလာပြီး ကျေးရွာတောင်ဘက် (၄)မိုင်ခန့် အကွာရှိ လယ်မြေတွင် ကိုငြိမ်းနှင့်သန်းဦးတို့မှ လယ်ရေယူနေစဉ် တစ်ရွာတည်းနေ လယ်နီးချင်း ဝင်းမောင် (၄၉)နှစ်နှင့် တစ်ရွာတည်းနေ နိုင်လင်း(၃ဝ)နှစ်တို့မှ လက်ထဲတွင်အသင့်ပါလာသော လယ်ယာသုံး ဝါးရိုးတပ် အရိုးအသွား ၅ ပေ ၅ လက်မခန့်ရှိ တူရွှင်းငန်းပြား(၁)ချောင်း၊ ဝါးရိုးတပ် အရိုးအသွား ၄ ပေကျော် ရှိသည့် တူရွှင်းငန်းပြား(၁)ချောင်းတို့ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ကိုငြိမ်းမောင် တွင် လည်ပင်းပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဝဲခြေဖမိုးပြတ်ရှဒဏ်ရာ (၁)ချက်၊ ဦးခေါင်းထိပ် ၁ လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲဘက်နားထင်ချိုင့်၊ ဝဲပါး ဖူးရောင်ဒဏ်ရာ(၁)ချက်(သေဆုံး)များ ရရှိကာလဲကျ နေကြောင်း ပြောပြ သိရှိရ သဖြင့် ဝင်းမောင် နှင့် နိုင်လင်းတို့အား အရေးယူပေးရန် ဒေါ်မုန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် စလင်းမြို့မရဲစခန်း(ပ) ၅၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။ 

အခင်းဖြစ်နေရာမှာ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်းအပိုင်အတွင်းဖြစ်ပွားခဲ့၍ ၂၅.၆.၂၀၁၅ ရက်နေ့တွင် ဒေါ်မုန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်း (ပ) ၃၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂/၁၁၄ အရ လွှဲပြောင်းအရေးယူဆောင်ရွက်ထားကြောင်း သတင်း ရရှိပါသည်။



၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့တော်ခန်းမ၌ ၂၆.၆.၂ဝ၁၅ ရက်နေ့ နံနက်(၈) နာရီခွဲမှ (၉)နာရီခွဲအချိန်အထိ ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ် ရေးအဖွဲ့ ဥက္ကဌ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဇေယျ၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးလှသန်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလူလူသန်း၊ တိုင်းဒေသကြီး မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဒုဥက္ကဌ ဦးသန်းထွန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများမှ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ အဖွင့်အမှာ စကားပြော ကြားခြင်း၊ တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တား ဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးနေဝင်းမှ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ပါသည်။

ဆုပေးပွဲအခမ်းအနားတွင် ဗဟိုအဆင့် ကဗျာပြိုင်ပွဲ အထူးဆုရသူ (၁)ဦးအား ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ကွန်ပျူတာပန်းချီ အထက်တန်းအဆင့် ဆုရရှိသူ(၃) ဦးအား ဝန်ကြီးချုပ်၏ဇနီး ဒေါ်စမ်းစမ်းမြင့်မှလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ကွန်ပျူတာ ပန်းချီ အလယ်တန်း အဆင့် ဆုရရှိသူ(၃)ဦးနှင့် ပိုစတာအထက်တန်းအဆင့် ဆုရရှိသူ (၃)ဦးတို့အား လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်မှလည်း ကောင်း၊ တိုင်းဒေသကြီးအဆင့် ပိုစတာ အလယ်တန်းအဆင့် ဆုရရှိသူ(၃)ဦးနှင့် မူလတန်းအဆင့် ဆုရရှိသူ (၃)ဦးတို့အား တိုင်းဒေသကြီးဥပဒေချုပ် ဦးဇေယျမှလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ပန်းချီ အထက်တန်းအဆင့် ဆုရရှိသူ(၃)နှင့် အလယ်တန်းအဆင့် ဆုရရှိသူ(၃)ဦးတို့အား တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းမှလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ပန်းချီပြိုင်ပွဲ မူလတန်းအဆင့် ဆုရရှိသူ(၃)ဦးနှင့် ကာတွန်းပြိုင်ပွဲအထက်တန်းအဆင့် ဆုရရှိသူ(၃)ဦးတို့အား တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးလှသန်းမှလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ကာတွန်း အလယ်တန်းအဆင့် ဆုရရှိသူ(၃)ဦးတို့အား တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးနေဝင်းမှ လည်း ကောင်း၊ တိုင်းဒေသကြီးအဆင့် ကာတွန်းမူလတန်းအဆင့် ဆုရရှိသူ(၃)ဦးတို့အား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းမှ လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် စာစီစာကုံး အထက်တန်း အဆင့် ဆုရသူ (၃)ဦးတို့အား တိုင်းဒေသကြီးမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဒုဥက္ကဌဦးသန်းထွန်း မှ လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် စာစီစာကုံးအလယ်တန်းအဆင့် ဆုရရှိသူ(၃)ဦးတို့အား တိုင်းဒေသကြီးအဆင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း အတွင်းရေးမှူး ဒေါက်တာမြင့်အောင်မှ လည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ပေးပို့သည့် လှုပ်ရှားမှု video မှတ်တမ်းအား ပြသခြင်း များ ဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း ဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲ များနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် လူမှုရေးအသင်း အဖွဲ့များ၊ ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများသည် ၂ဝ၁၅ ခုနှစ်အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြသထားသည့် ကွန်ပျူတာပန်းချီ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဝင် လက်ရာများ၊ မူးယစ်ဆေးဝါး နှင့်ပတ်သက်သည့် အသိပညာပေး မှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ 

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊၊ တိုင်းဒေသကြီး/ ခရိုင် /မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး ၊ စောင့်ရှောက်ရေးအသင်း၊ သူနာပြုတက္ကသိုလ်မှသင်တန်းသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/သူများနှင့် ၄င်းတို့၏မိဘအုပ်ထိန်းသူများ စုစုပေါင်း အင်အား (၅ဝဝ)ဦး ခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။











Friday, June 26, 2015


ဆော ဇွန် ၂၅
    ပြန်ကြားရေးဝန်ကြီးဌာနက ဂန့်ဂေါခရိုင် ဆောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ လူမှုအသိုင်း အဝိုင်းနှင့် လူနေမှုအဆင့် (E) ရှိသောအိမ်ထောင်စုများသို့ DVB T2 Set Top Box များ အခမဲ့ပေးအပ်သည့် အခမ်းအနားကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက ဆောမြို့ ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က အမှာစကားပြောကြားသည်။
    ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ထွန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်နန္ဒာလှိုင်တို့က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များထံသို့ DVB T2 Set Top Box များ ၃၅၄ လုံးကို ပေးအပ်ကြောင်း သိရသည်။
    “ ကျွန်တော်တို့အနေနဲ့ လိုင်း ၁၄ လိုင်းကို အခမဲ့ဖမ်းယူကြည့်ရှုနိုင်ပြီ့း  FM ရေဒီယိုလှိုင်းများပါ ဖမ်းယူနားဆင်နိုင်ပြီဖြစ်သည့်အတွက် အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ခွင့်ချောင်း ကျေးရွာနေ ပြည်သူ တစ်ဦးက ပြောသည်။

ဆော ဇွန် ၂၅
    ဂန့်ဂေါခရိုင် ဆောမြို့နယ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ဇွန် ၂၂ ရက်က ဆောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးနိုင်ထွန်းက အမှာစကားေးပြာကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွဲ့နွဲ့ရင် က ကဏ္ဍအလိုက် ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရှင်းလင်းသည်။
    ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာများ အကြီးအကဲများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးများသို့ စီမံကိန်းရည်မှန်းချက် တာဝန်များကို ပေးအပ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နံနက် (၄း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ပခုက္ကူမြို့၊ အမှတ် (၄)ရပ်၊ ထင်းတန်းလမ်း၊ ရွှေမဟာကားဂိတ်အနီးအရောက်တွင် မသင်္ကာဖွယ် တွေ့ရှိသူ ၂ ဦးအား သက်သေများနှင့်အတူ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

၎င်းတို့မှာ ပခုက္ကူမြို့၊ အမှတ်(၁ဝ)ရပ်ကွက်နေ ဟိန်းဇော်အောင် (ခ) ဖိုးလင်း၊ ၁၈နှစ်နှင့် အမှတ် (၃)ရပ် ကွက်နေ မဇင်မာသန်း(၁၄)နှစ်တို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ လက်ထဲတွင်တွေ့ရှိသည့် ပီနံအိတ်အား စစ်ဆေးရာ လျှပ်စစ်သံဖြတ်စက် အသေးပါ သက်သေခံပစ္စည်း(၂၄)မျိုးအားတွေ့ရှိရ၍ ၎င်းတို့ ပိုင်ဆိုင်ကြောင်း ခိုင်လုံသည့် အထောက်အထား တစ်စုံတစ်ရာပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် တစ်နေရာ ရာမှခိုးယူလာသည်ဟု မသင်္ကာ၍ ဟိန်းဇော်အောင်(ခ)ဖိုးလင်းနှင့်မဇင်မာသန်းတို့အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၆၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ ညနေ (၃း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပေါက် မြို့နယ်၊ ပေါက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပေါက်မြို့၊ အထကကျောင်းရှေ့ လမ်းမပေါ် တွင် အနောက်မှအရှေ့သို့ ပေါက်မြို့နယ်၊ ခင်တန်းရှည်ကျေးရွာနေ ဇော်လင်းဦး(ခ)ဖိုးတို၊ ၄၈နှစ် စီးနင်းလာသော ANBO-125 ဖြူနက်ကြားဆိုင်ကယ်အား သတင်းအရ သက်သေများနှင့်အတူ ရပ်တန့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 ပေါက်မြို့နယ်၊ ခင်တန်းရှည်ကျေးရွာနေ ဇော်လင်းဦး(ခ)ဖိုးတို၊ ၄၈နှစ်သည် ဆိုင်ကယ် ကယ်ရီယာ ခုံကြား တွင် နှစ်လုံးထီဂဏန်းများရေးသားထားသော ဗလာစာအုပ်တစ်အုပ်နှင့်အတူ ၎င်း၏အင်္ကျီ အိတ်ကပ် အတွင်းမှ နှစ်လုံးထီရောင်းရငွေ ၇၈,၇ဝဝိ/-အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဇော်လင်းဦး (ခ) ဖိုးတို အား ပေါက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၉၁/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နံနက် (၄) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ တောင်မန်း မြောင်းဘောင် ပေါ်တွင် ငဖဲမြို့နယ်မှ မကွေးမြို့နယ်သို့ နွားများသယ်ဆောင်လာကြောင်း သတင်းအရ သက်သေများနှင့်အတူ ၊ တောင်မန်းမြောင်းဘောင်ပေါ်တွင် စောင့်ဆိုင်းနေခဲ့ကြောင်း သတင်းရရှိပါသည်။

 မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်နေသူများဖြစ်သည့် ဇော်ထွန်း(၄၂)နှစ်နှင့်ထွန်းလင်းဦး(၂၁)နှစ် တို့သည် နွား(၇)ကောင် (စုစုပေါင်းတန်ဖိုး ၂,၉၅ဝ,ဝဝဝိ/-)ကျပ်ခန့်အား မြို့နယ်ကျော်သယ်ဆောင်ခွင့် အထောက်အထားတစ်စုံတစ်ရာမပါရှိဘဲ ငဖဲမြို့နယ်မှ တရားမဝင် ခြေလျင်သယ်ဆောင်မောင်းနှင် လာကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် နွားများအား တရားမဝင်သယ်ဆောင်လာသူ ဇော်ထွန်းနှင့် ထွန်းလင်းဦး တို့အား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ)၉၂/၂ဝ၁၅၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


Thursday, June 25, 2015

 

   ဇွန်            ၂၅
                ဆင်ပေါင်ဝဲမြို့၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်း ရည်မှန်း ချက် တာဝန်ပေး
အပ်ပွဲကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပရာ မြို့နယ် အုပ်ချုပ် ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊
လူမူရေးအသင်းအဖွဲ့များ၊တက်ရောက်ကြပါ သည်။               အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးကအဖွင့်အမှာစကားပြောကြား ပြီး မြို့နယ်စီမံကိန်းဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်လှလှငြိမ်း က စီမံကိန်းတာဝန် ပေး အပ်ခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြော ကြား သည်။
                  ဆက်လက်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်၊ ဒေသန္တ စီမံကိန်း တာဝန် များကို မြို့နယ်စီမံကိန်း ဦးစီးဌာန ဦးစီး အရာရှိက မြို့နယ်အုပ်ချုပ် ရေးမှူး ထံသို့၎င်း မြို့နယ်အုပ်ချုပ်ရေးမှူး က၊တာဝန်ရှိသူ ဌာနဆိုင်ရာသီးသီးထံ သို့၎င်း ပေးအပ်ကြ ကြောင်း သတင်းရရှိပါသည်။
၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ ညနေ (၃) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ လယ်ကိုင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏လောင်းကစားဖမ်းဝရမ်းအမှတ် ၁၇/၂ဝ၁၅ ဖြင့် ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာ၊ အလယ်ပိုင်းရပ်နေ ကျော်ဝမ်း (၄၃)နှစ်၏ နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေရာ ကျော်ဝမ်းအား နေအိမ်အတွင်း စားပွဲပေါ်တွင် လောင်းကစား ပြုလုပ် နေစဉ် နှစ်လုံးထီလောင်း ကစားရာတွင်အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ ၂၆,၂ဝဝိ/- တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် ကျော်ဝမ်းအား ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်း (ပ)၂၈/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။

 အလားတူ ၂၄.၆.၂ဝ၁၅ ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန် မကွေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ ဈေးလယ်စိုးရပ်နေ ၀င်းနိုင်(၅၄)နှစ်သည်တရားမဝင်နှစ်လုံးထီလောင်းကစားပြုလုပ် နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၃၂/၂ဝ၁၅ ဖြင့် ဝင်ရောက်ရှာဖွေရာ ဝင်းနိုင်၏နေအိမ်အတွင်း သံကုတင်ပေါ်ရှိ အိပ်ယာခင်းအောက်နှင့် နေအိမ်အဝင်ဘေးရှိ ဘီဒိုပေါ်မှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ ၃၁,၁ဝဝိ/-တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် နှစ်လုံးထီလောင်းကစားပြုလုပ်သူ ဝင်းနိုင်အား မကွေး မြို့နယ်၊ မြို့မရဲစခန်း(ပ)၂၄၂/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ အောင်လံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း ဆောင်ရွက် နေ စဉ် အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ လယ်ပြင်ကွက်သစ်သို့ရောက်ရှိရာ ၎င်းရပ်ကွက်နေ မသင်းသင်း (၃၇)နှစ် မှ HUAWEI G – 730 အဖြူရောင်ဟန်းဆက်(၁)လုံး တန်ဖိုး ၇ဝ,ဝဝဝိ/-၊ HUAWEI Y 600D အနက်ရောင် ဟန်းဆက်(၁)လုံး တန်ဖိုး ၆ဝ,ဝဝဝိ/-၊ HUAWEI C 8816 ဖြူ/နက်ရောင်ဟန်းဆက် (၁)လုံးတန်ဖိုး ၂၅,ဝဝဝိ/- ၊ (စုစုပေါင်းတန်ဖိုး ၁၅၅,ဝဝဝိ/-)တို့ဖြင့် လိုက်လံရောင်းချနေသည်ကို တွေ့ရှိ ရ၍ မေးမြန်း ခဲ့ကြောင်း သိရှိရသည်။

မသင်းသင်း (၃၇)နှစ်မှ  တစ်ရပ်ကွက်တည်းနေ ဝင်းဇော်ဦး(၂၂)နှစ်မှ ရောင်းခိုင်းခြင်းဖြစ်ကြောင်း သိရှိရ သဖြင့် ဝင်းဇော်ဦးအား ခေါ်ယူစစ်မေးရာ ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံ တစ်ရာ ၊ ပြောဆိုပြသ နိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာ၍ ဝင်းဇော်ဦးနှင့် မသင်းသင်း တို့အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၁၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှရဲအုပ် မျိုးနိုင်နှင့် အဖွဲ့သည် သက်သေများနှင့်အတူ မကွေးမြို့ပေါ်နယ်မြေအတွင်း ခိုး၊ဆိုး၊ နှိုက်သတင်း စုံစမ်း နေစဉ် မကွေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် ခွာညိုလမ်းထောင့် ၊ ''သဘာဝ'' လ္ဘက်ရည်ဆိုင်အနီးရှိ ဆိုင်ကယ်ပွဲစားဝိုင်းသို့ မသင်္ကာဖွယ်လူငယ်တစ်ဦးသည် ဆိုင်ကယ်(၁)စီးအား ကာလ တန်ဖိုးထက်နှိမ့်ချ၍ ငွေ ၂၁ဝ,ဝဝဝိ/-ဖြင့် လာရောက်ရောင်းချနေကြောင်း သတင်းအရ သွား ရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

၎င်းမှာ မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်နေ နေလင်းဦး(၂၁)နှစ်ဖြစ်ပြီး လာရောက်ရောင်းချသော ၃၂ယ/၈၆၅၉ နံပါတ်ပါ FOLLOW ME 125 နက်/ပြာရောင်ဆိုင်ကယ် (ကာလတန်ဖိုး ၄၇ဝဝဝဝိ/-)နှင့် ပတ်သက်၍မေးမြန်းရာ ပိုင်ဆိုင်ကြောင်း အထောက်အထားခိုင်လုံစွာပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှခိုးယူလာသည်ဟုမသင်္ကာ၍ နေလင်းဦးအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း(ပ) ၁၇၈/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။





Find Us on Facebook

Popular Posts

Video