၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ည (၇း၅၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အထွေထွေ ရောဂါကုဆေးရုံကြီး ကလေးကုသဆောင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ကလေးဆောင် အပေါ်ထပ် စတိုခန်းတွင် ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက် နေသူ ဆေးရုံ သန့်ရှင်းရေး လုပ်သား မလှလှမြင့် (၄၈)နှစ်သည် ကလေးများအတွက် ဆန်ပြုတ်ပြုတ်ရန် လျှပ်စစ်ကွိုင် မီးဖိုဖွင့်ထားပြီး ဆန်ဆေးနေစဉ် လျှပ်စစ်မီးဖိုမှာ အပူရှိန်လွန်ကဲပြီး လျှပ်စစ်ကွိုင်မီးဖို မီးလောင်ကျွမ်းခဲ့ရာ မီးလောင်ရာသို့ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး၊ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ပခုက္ကူမြို့မရဲစခန်းမှူး ဦးစီး ရဲတပ်ဖွဲ့ဝင်(၅၀)ဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးစီး(၂၆)ဦး၊ အရန်မီးသတ် (၅၀)ဦး၊ ပြည်သူ(၁၀၀)ဦးခန့်တို့မှ ခရိုင်မီးသတ်ယဉ်(၄)စီး၊ အရန်မီးသတ်ယာဉ်(၃)စီး၊ မီးသတ်ဆေးဗူး (၁)ဗူးတို့ဖြင့် ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ည (၇း၅၇)အချိန်တွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် တန်ဘိုး ၇၅၀ိ/-ခန့်ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီးဖိုအား ပေါ့ဆစွာအသုံးပြုသူ မလှလှမြင့်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၇၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုရေးဖွင့် ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။
Sunday, June 28, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment