၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နေ့လည် (၁၂း၁၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရဲစခန်း၌တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် သရက်မြို့၊ ပြည်တော်အေးရပ်ကွက်၊ (၄)လမ်းတွင် လူတစ်ဦးကြိုးဆွဲချ သေဆုံး နေကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရာဇာဦး၏ သတင်းပေးချက်အရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေး ရာ ပြည်တော်အေးရပ်ကွက်နေသူ ဆလိုင်းနိုင်ထွန်း (၅၀)နှစ်သည် အရက်အလွန် အကျွံ သောက်သူဖြစ်ပြီး စိတ်ဖောက်ပြန်ကာ ၄င်း၏ နေအိမ်အောက်ထပ် တမံသလင်းခင်း ဧည့်ခန်းရှိ အမြင့် ၆.၅ ပေခန့်ရှိ ထုတ်တန်းတွင် အရှည် ၂၀ ပေခန့်ရှိ အစိမ်းရောင် နိုင်လွန် ပလပ်စတစ်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေ သည်ကို တွေ့ရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင် ရန် သရက်မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိ ပါသည်။
Sunday, June 28, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment