၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မအူအလယ် ကျေးရွာနေသူ ဆုတောင်းပြည့်ဘုရား ဂေါပကဥက္ကဌ ဦးထွန်းရွှေ (၆၈)နှစ်သည် နေအိမ်၌ရှိနေစဉ် မအူကျေးရွာ၊ မုံရွာ-ပခုက္ကူကားလမ်းအနီး တည်ထား ကိုးကွယ်သော ဆုတောင်းပြည့်မြတ်စွာဘုရား အာရုဏ်ခံ အဆောက်အဦ အတွင်းရှိ အလှူခံပုံးအတွင်းမှ အလှူငွေများ ခိုးယူခံရကြောင်း အစောင့်တာဝန်ကျ ဦးခင်မောင် မှ လာရောက်ပြောပြသဖြင့် သွားရောက်ခဲ့ပြီး အာရုဏ်ခံ အတွင်း တပ်ဆင်ထားသော လုံခြုံရေးကင်မရာ CCTVအား ပြန်လည်ဖွင့်ကြည့်ရာ ခိုးယူ သွားသူများမှာ တစ်ရွာတည်းနေ မောင်လင်း (၁၈)နှစ် နှင့် ရဲကိုကို (၂၂)နှစ် တို့ဖြစ်ကြောင်း သိရှိရပြီး မောင်လင်းမှ အသင့်ပါလာသော ဓါးမဦးဖြင့် အလှူခံပုံး ပတ္တာအားထိုးဖွင့်ကာ အလှူငွေ ၃၅၀၀ိ/-အနက်မှ ၁၀၀၀ိ/- နှင့် ၅၀၀ိ/- (၂)ရွက်၊ စုစုပေါင်း ၁၅၀၀ိ/-သာ ရွေးယူသွားပြီး ၅၀ကျပ်တန်နှင့် ၁၀၀ ကျပ်တန် (၂၀၀၀ိ/-)တို့အား ချန်ထားခဲ့ကြောင်း တွေ့ရှိရသဖြင့် အလှူငွေများ ခိုးယူသူ မောင်လင်းနှင့် ရဲကိုကိုတို့အား အရေးယူပေးရန် ၂၇.၆.၂၀၁၅ ရက်နေ့တွင် ဦးထွန်းရွှေမှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် ရေစကြိုမြို့နယ် မြို့မရဲစခန်း (ပ) ၁၀၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
Sunday, June 28, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment