Friday, June 26, 2015


ဆော ဇွန် ၂၅
    ပြန်ကြားရေးဝန်ကြီးဌာနက ဂန့်ဂေါခရိုင် ဆောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ လူမှုအသိုင်း အဝိုင်းနှင့် လူနေမှုအဆင့် (E) ရှိသောအိမ်ထောင်စုများသို့ DVB T2 Set Top Box များ အခမဲ့ပေးအပ်သည့် အခမ်းအနားကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက ဆောမြို့ ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က အမှာစကားပြောကြားသည်။
    ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ထွန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်နန္ဒာလှိုင်တို့က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များထံသို့ DVB T2 Set Top Box များ ၃၅၄ လုံးကို ပေးအပ်ကြောင်း သိရသည်။
    “ ကျွန်တော်တို့အနေနဲ့ လိုင်း ၁၄ လိုင်းကို အခမဲ့ဖမ်းယူကြည့်ရှုနိုင်ပြီ့း  FM ရေဒီယိုလှိုင်းများပါ ဖမ်းယူနားဆင်နိုင်ပြီဖြစ်သည့်အတွက် အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ခွင့်ချောင်း ကျေးရွာနေ ပြည်သူ တစ်ဦးက ပြောသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video