Saturday, June 27, 2015

၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့တော်ခန်းမ၌ ၂၆.၆.၂ဝ၁၅ ရက်နေ့ နံနက်(၈) နာရီခွဲမှ (၉)နာရီခွဲအချိန်အထိ ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ် ရေးအဖွဲ့ ဥက္ကဌ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဇေယျ၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးလှသန်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလူလူသန်း၊ တိုင်းဒေသကြီး မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဒုဥက္ကဌ ဦးသန်းထွန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများမှ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ အဖွင့်အမှာ စကားပြော ကြားခြင်း၊ တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တား ဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးနေဝင်းမှ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ပါသည်။

ဆုပေးပွဲအခမ်းအနားတွင် ဗဟိုအဆင့် ကဗျာပြိုင်ပွဲ အထူးဆုရသူ (၁)ဦးအား ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ကွန်ပျူတာပန်းချီ အထက်တန်းအဆင့် ဆုရရှိသူ(၃) ဦးအား ဝန်ကြီးချုပ်၏ဇနီး ဒေါ်စမ်းစမ်းမြင့်မှလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ကွန်ပျူတာ ပန်းချီ အလယ်တန်း အဆင့် ဆုရရှိသူ(၃)ဦးနှင့် ပိုစတာအထက်တန်းအဆင့် ဆုရရှိသူ (၃)ဦးတို့အား လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်မှလည်း ကောင်း၊ တိုင်းဒေသကြီးအဆင့် ပိုစတာ အလယ်တန်းအဆင့် ဆုရရှိသူ(၃)ဦးနှင့် မူလတန်းအဆင့် ဆုရရှိသူ (၃)ဦးတို့အား တိုင်းဒေသကြီးဥပဒေချုပ် ဦးဇေယျမှလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ပန်းချီ အထက်တန်းအဆင့် ဆုရရှိသူ(၃)နှင့် အလယ်တန်းအဆင့် ဆုရရှိသူ(၃)ဦးတို့အား တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းမှလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ပန်းချီပြိုင်ပွဲ မူလတန်းအဆင့် ဆုရရှိသူ(၃)ဦးနှင့် ကာတွန်းပြိုင်ပွဲအထက်တန်းအဆင့် ဆုရရှိသူ(၃)ဦးတို့အား တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးလှသန်းမှလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ကာတွန်း အလယ်တန်းအဆင့် ဆုရရှိသူ(၃)ဦးတို့အား တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးနေဝင်းမှ လည်း ကောင်း၊ တိုင်းဒေသကြီးအဆင့် ကာတွန်းမူလတန်းအဆင့် ဆုရရှိသူ(၃)ဦးတို့အား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းမှ လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် စာစီစာကုံး အထက်တန်း အဆင့် ဆုရသူ (၃)ဦးတို့အား တိုင်းဒေသကြီးမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဒုဥက္ကဌဦးသန်းထွန်း မှ လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် စာစီစာကုံးအလယ်တန်းအဆင့် ဆုရရှိသူ(၃)ဦးတို့အား တိုင်းဒေသကြီးအဆင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း အတွင်းရေးမှူး ဒေါက်တာမြင့်အောင်မှ လည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ပေးပို့သည့် လှုပ်ရှားမှု video မှတ်တမ်းအား ပြသခြင်း များ ဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း ဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲ များနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် လူမှုရေးအသင်း အဖွဲ့များ၊ ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများသည် ၂ဝ၁၅ ခုနှစ်အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြသထားသည့် ကွန်ပျူတာပန်းချီ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဝင် လက်ရာများ၊ မူးယစ်ဆေးဝါး နှင့်ပတ်သက်သည့် အသိပညာပေး မှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ 

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊၊ တိုင်းဒေသကြီး/ ခရိုင် /မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး ၊ စောင့်ရှောက်ရေးအသင်း၊ သူနာပြုတက္ကသိုလ်မှသင်တန်းသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/သူများနှင့် ၄င်းတို့၏မိဘအုပ်ထိန်းသူများ စုစုပေါင်း အင်အား (၅ဝဝ)ဦး ခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။











0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video