Saturday, June 27, 2015

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်း မြို့နယ်၊ အင်းတဲကျေးရွာတွင် လယ်ရေယူသည့် ကိစ္စနှင့်ပတ်သက်၍ ၀ိုင်းဝန်းရိုက်နှက်ရာမှ လူသတ် မှုဖြစ်ပွား  လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

စလင်းမြို့နယ်၊ အင်းတဲကျေးရွာနေ ဒေါ်မုန်း (၃၉) နှစ်သည် နေအိမ်တွင်ရှိနေစဉ် ၄င်း၏ခင်ပွန်းကိုငြိမ်း (ခ) ခင်မောင်ငြိမ်း(၅၃)နှစ်၏ တူတော်စပ်သူ သန်းဦး ရောက်ရှိလာပြီး ကျေးရွာတောင်ဘက် (၄)မိုင်ခန့် အကွာရှိ လယ်မြေတွင် ကိုငြိမ်းနှင့်သန်းဦးတို့မှ လယ်ရေယူနေစဉ် တစ်ရွာတည်းနေ လယ်နီးချင်း ဝင်းမောင် (၄၉)နှစ်နှင့် တစ်ရွာတည်းနေ နိုင်လင်း(၃ဝ)နှစ်တို့မှ လက်ထဲတွင်အသင့်ပါလာသော လယ်ယာသုံး ဝါးရိုးတပ် အရိုးအသွား ၅ ပေ ၅ လက်မခန့်ရှိ တူရွှင်းငန်းပြား(၁)ချောင်း၊ ဝါးရိုးတပ် အရိုးအသွား ၄ ပေကျော် ရှိသည့် တူရွှင်းငန်းပြား(၁)ချောင်းတို့ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ကိုငြိမ်းမောင် တွင် လည်ပင်းပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဝဲခြေဖမိုးပြတ်ရှဒဏ်ရာ (၁)ချက်၊ ဦးခေါင်းထိပ် ၁ လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲဘက်နားထင်ချိုင့်၊ ဝဲပါး ဖူးရောင်ဒဏ်ရာ(၁)ချက်(သေဆုံး)များ ရရှိကာလဲကျ နေကြောင်း ပြောပြ သိရှိရ သဖြင့် ဝင်းမောင် နှင့် နိုင်လင်းတို့အား အရေးယူပေးရန် ဒေါ်မုန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် စလင်းမြို့မရဲစခန်း(ပ) ၅၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။ 

အခင်းဖြစ်နေရာမှာ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်းအပိုင်အတွင်းဖြစ်ပွားခဲ့၍ ၂၅.၆.၂၀၁၅ ရက်နေ့တွင် ဒေါ်မုန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေရဲစခန်း (ပ) ၃၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂/၁၁၄ အရ လွှဲပြောင်းအရေးယူဆောင်ရွက်ထားကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video