ငဖဲ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ် မူလငွေလုံးငွေရင်းရန်ပုံငွေ (၂.၅) သန်းဖြင့် နယ်ဇောကျေးရွာအုပ်စု၊ နယ်ဇောကျေးရွာ (၂၅၀၀)ဂါလံဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းအား လင်းလက်ဝေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။
အဆိုပါ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် အဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၄င်းကျေးရွာတွင် သောက်သုံးရေကို ကျေးရွာဖြင့် ဝေးကွာသည့်နေရာမှ သယ်ယူသုံးစွဲခဲ့ရပြီး ယခု တည်ဆောက်သည့် အုပ်ရေကန်မှာ ကျေးရွာအတွင်းတွင် တည်ဆာက်ခဲ့ပြီး ဆောက်လုပ်ပြီးစီးပါက ကျေးရွာပြည်သူများ သောက်သုံးရေကို အဆင်ပြေ လွယ်ကူစွာသုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
Sunday, June 28, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment