Sunday, June 28, 2015


ငဖဲ   ဇွန်  ၂၃
        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ် မူလငွေလုံးငွေရင်းရန်ပုံငွေ (၂.၅) သန်းဖြင့် မင်းလွင်ကျေးရွာအုပ်စု၊ အိုးမြေခုံကျေးရွာ (၄´Ø) လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်းအား လင်းလက်ဝေကုမ္ပဏီမှတာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။
        အဆိုပါ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် အဖွဲ့မှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ယင်းလုပ်ငန်းနှင့် ပတ်သက်၍ ဒေသခံ တစ်ဦးမှ ကျွန်တော်တို့ကျေးရွာက ယခင်က မန်းချောင်းဘေးမှာတည်ရှိပြီး သောက်သုံးရေအခက်အခဲမရှိသုံးစွဲခဲ့ရပါတယ် မန်းချောင်းရေလှောင်တမံ တည်ဆောက်တော့ ရေမြုတ်ဧရိယာပါဝင်နေလို့ ဒီနေရာကိုပြောင်းရွှေ့ခဲ့ရတာပါ ဒီနေရာရောက်တော့ သောက်သုံးရေအခက်အခဲတွေ တော်တော်လေးကြုံခဲ့ရတယ် ခုတော့ မြို့နယ်မှစီစဉ်ပေးလို့ သောက်သုံး ရေတွင်းတွေရရှိနေပါပြီ ဒီတွင်းပြီးသွားရင်တော့ ပိုပြီးအဆင်ပြေသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video