Sunday, June 28, 2015



ဂန့်ဂေါ ဇွန် ၂၆
    အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်း အနားကို ဇွန် ၂၆ ရက်နံနက်တွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ အခြေခံပညာအထက်တန်းကျောင်း ပုံညာ ခန်းမ၌ကျင်းပရာ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က အမှာစကားပြောကြားပြီး
 ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သည့် သဝဏ်လွှာကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းထွန်းက ဖတ် ကြားသည်။  ဆက်လက်၍ခရိုင်ဥပဒေအရာရှိ ဒေါ်ခင်သင်းကြည်၊ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦး၊
 မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေတို့က ကဏ္ဍအလိုက်အသီးသီးဟောပြောကြသည်။
    ထို့နောက် ခရိုင်အဆင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသည့် အထက်တန်း၊ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ကြပြီး တက်ရောက်လာကြသူများသးည် အဆိုပါအခမ်းအနား တွင် ပြသထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှတ်တမ်းဓာတ်ပုံများ၊ ကာတွန်းများ၊ ပန်းချီများကို လှည့် လည်ကြည့်ရှုကြသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video