Sunday, June 28, 2015



မကွေး  ဇွန်   ၂၆
    ၂၈ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်(၈)နာရီက မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားပါသည်။
    ယင်းနောက် မကွေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်  တားဆီးကာကွယ်ရေးဥက္ကဌ မကွေးတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးနေ၀င်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားအတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်  တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုထံမှ ပေးပို့သည့် သ၀ဏ်လွှာကို ဖတ်ကြားသည်။
    ဆက်လက်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြုလုပ်ရာ ၂၈ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျုတာပန်းချီ၊  စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ရာ  ဗဟိုအဆင့်ကဗျာပထမဆုရရှိသူကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း၊ အထက်တန်း အဆင့်ဆုရရှိသူများကို ၀န်ကြီးချုပ်၏ ဇနီး ဒေါ်စမ်းစမ်းမြင့်ကလည်းကောင်း၊ ကွန်ပျူတာပန်းချီနှင့် ပိုစတာဆုရရှိသူများကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်က လည်းကောင်း၊  ကျန်ဆုများကို တာဝန်ရှိသူအသီးသီးမှပေးအပ်ချီးမြှင့်ခဲ့ပါသည်။
    အခမ်းအနားအပြီးတွင် ၀န်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၈ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထား သည့် နံရံကပ်ပြဘုတ်များ၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ချက်များကို လိုက်လံကြည့်ရှုအားပေးပါသည်။
    အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် ၀န်ကြီးများ၊ မကွေးတိုင်းဒေသကြီး ရဲမှူးကြီးနှင့် တိုင်းဒေသကြီး မူးယစ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ ကျောင်းသား/သူများတက်ရောက်ကြကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video