သရက် ဇွန် ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု့နှင့် တရားမ၀င် ရောင်းဝယ်ရေး တိုက်ဖျက်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် (၂၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု့နှင့်တရားမ၀င်
ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်မြို့နယ် အဆင့် ပန်ချီ/ကာတွန်း/ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ ဆုပေးခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အ-ထ-က(၁) စိန်ရတု ခန်းမအတွင်းကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆည်းကာကွယ်ရေးအဖွဲ့ ဥက္ကဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်မှ အဖွင့် အမှာစကားပြောကြားပေးခဲ့ပြိး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြိး ဦးမူက (၂၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု့နှင့် တရားမ၀င်ရောင်းဝယ်မှု့ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အတွက် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြိး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုထံက ပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားပေးခဲ့သည်။
ထို့နောက် ခရိုင်ကျန်းမာရေးဥိးစီးဌာနမှူး ဒေါက်တာသီတာစိုးမှ မူးယစ်ဆေးဝါး သုံးစွဲရခြင်းကြောင့် ဖြစ်ပေါ်လာ သော ကျန်းမာရေးအကြောင်း သိကောင်းစရာများ ပြောကြားပေးပြိး ခရိုင်ဥပဒေအရာရှိ ဦးလှမြင့်မှ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများနှင့် ဥပဒေရေးရာများအား သိရှိနားလည်အောင်ပြောကြားပေးခဲ့သည်။ ယင်းနောက် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းဟန်ဥိး မှ မူးယစ်ဆေးဝါး အလွဲသုံးမှု့နှင့် တရားမ၀င်ရောင်းဝယ်မှု့ တိုက်ဖျက်ရေးနေ့ နှင့် စပ်လျဉ်း၍ သိကောင်းစရာများ ဟောပြောပေးခဲ့သည်။ အစီအစဉ်အရ မြို့နယ် အဆင့်ပန်ချီ ကာတွန်း/ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ရာ မြို့နယ်အဆင့် (အလယ်တန်းအဆင့်)ပိုစတာ ပြိုင်ပွဲ ပထမဆုရရှိသူမောင်ကောင်းမြတ်သော်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကဆုချီးမြှင့်ပေးပြိး ကျန်ဆုများအား တာဝန်ရှိသူများက အသီးသီးဆုများပေးအပ်ခဲ့သည်။ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဥိးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးနံရံကပ်စာစောင်နှင့် ဓါတ်ပုံပပြပွဲအား တက်ရောက်လာသည့် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာအကြိးအကဲများ /ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများက လိုက်လန် ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment