Sunday, June 28, 2015


မင်းဘူး            ဇွန်                ၂၆
    မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ မင်းဘူးမြို့  ၊အထက(၁)၊ဦးသြဘာသခန်းမတွင် ဇွန်လ ၂၆ ရက် နံနက် ၈ နာရီ အချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်အမှတ် အခမ်အနားကို ကျင်းပပြုလုပ်သည်။
    ရှေ့ဦးစွာ မင်းဘူးခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ၊ဦးစောနှင်းက အဖွင့်အမှာစကားပြောကြားပြီး ၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွန်း ကမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
    ယင်းနောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ပန်းချီ၊ ပိုစတာ ၊ ကာတွန်း ၊ ကွန်ပျူတာပန်းချီ ၊ စာစီစာကုံးပြိုင်ပွဲ များတွင် ဆုရရှိသည့် အထက်တန်း၊အလယ်တန်း  ကျောင်းသား၊ကျောင်းသူများကို ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးသက်ထွန်း ၊ ခရိုင်ဥပဒေအရာရှိ ဦးစောနှင်း ၊ ဒု- ခရိုင်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် နှင့် ခရိုင်အဆင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ၊ကျောင်းသူများ တက်ရောက် ကြကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video