Friday, June 26, 2015

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ ညနေ (၃း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပေါက် မြို့နယ်၊ ပေါက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပေါက်မြို့၊ အထကကျောင်းရှေ့ လမ်းမပေါ် တွင် အနောက်မှအရှေ့သို့ ပေါက်မြို့နယ်၊ ခင်တန်းရှည်ကျေးရွာနေ ဇော်လင်းဦး(ခ)ဖိုးတို၊ ၄၈နှစ် စီးနင်းလာသော ANBO-125 ဖြူနက်ကြားဆိုင်ကယ်အား သတင်းအရ သက်သေများနှင့်အတူ ရပ်တန့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 ပေါက်မြို့နယ်၊ ခင်တန်းရှည်ကျေးရွာနေ ဇော်လင်းဦး(ခ)ဖိုးတို၊ ၄၈နှစ်သည် ဆိုင်ကယ် ကယ်ရီယာ ခုံကြား တွင် နှစ်လုံးထီဂဏန်းများရေးသားထားသော ဗလာစာအုပ်တစ်အုပ်နှင့်အတူ ၎င်း၏အင်္ကျီ အိတ်ကပ် အတွင်းမှ နှစ်လုံးထီရောင်းရငွေ ၇၈,၇ဝဝိ/-အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဇော်လင်းဦး (ခ) ဖိုးတို အား ပေါက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၉၁/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video