Friday, June 26, 2015

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နံနက် (၄း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ပခုက္ကူမြို့၊ အမှတ် (၄)ရပ်၊ ထင်းတန်းလမ်း၊ ရွှေမဟာကားဂိတ်အနီးအရောက်တွင် မသင်္ကာဖွယ် တွေ့ရှိသူ ၂ ဦးအား သက်သေများနှင့်အတူ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

၎င်းတို့မှာ ပခုက္ကူမြို့၊ အမှတ်(၁ဝ)ရပ်ကွက်နေ ဟိန်းဇော်အောင် (ခ) ဖိုးလင်း၊ ၁၈နှစ်နှင့် အမှတ် (၃)ရပ် ကွက်နေ မဇင်မာသန်း(၁၄)နှစ်တို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ လက်ထဲတွင်တွေ့ရှိသည့် ပီနံအိတ်အား စစ်ဆေးရာ လျှပ်စစ်သံဖြတ်စက် အသေးပါ သက်သေခံပစ္စည်း(၂၄)မျိုးအားတွေ့ရှိရ၍ ၎င်းတို့ ပိုင်ဆိုင်ကြောင်း ခိုင်လုံသည့် အထောက်အထား တစ်စုံတစ်ရာပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် တစ်နေရာ ရာမှခိုးယူလာသည်ဟု မသင်္ကာ၍ ဟိန်းဇော်အောင်(ခ)ဖိုးလင်းနှင့်မဇင်မာသန်းတို့အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၆၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video