Friday, June 26, 2015

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နံနက် (၄) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ တောင်မန်း မြောင်းဘောင် ပေါ်တွင် ငဖဲမြို့နယ်မှ မကွေးမြို့နယ်သို့ နွားများသယ်ဆောင်လာကြောင်း သတင်းအရ သက်သေများနှင့်အတူ ၊ တောင်မန်းမြောင်းဘောင်ပေါ်တွင် စောင့်ဆိုင်းနေခဲ့ကြောင်း သတင်းရရှိပါသည်။

 မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်နေသူများဖြစ်သည့် ဇော်ထွန်း(၄၂)နှစ်နှင့်ထွန်းလင်းဦး(၂၁)နှစ် တို့သည် နွား(၇)ကောင် (စုစုပေါင်းတန်ဖိုး ၂,၉၅ဝ,ဝဝဝိ/-)ကျပ်ခန့်အား မြို့နယ်ကျော်သယ်ဆောင်ခွင့် အထောက်အထားတစ်စုံတစ်ရာမပါရှိဘဲ ငဖဲမြို့နယ်မှ တရားမဝင် ခြေလျင်သယ်ဆောင်မောင်းနှင် လာကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် နွားများအား တရားမဝင်သယ်ဆောင်လာသူ ဇော်ထွန်းနှင့် ထွန်းလင်းဦး တို့အား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ)၉၂/၂ဝ၁၅၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video