Thursday, June 25, 2015
2:18 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဇွန် ၂၅
ဆင်ပေါင်ဝဲမြို့၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်း ရည်မှန်း ချက် တာဝန်ပေး
အပ်ပွဲကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပရာ မြို့နယ် အုပ်ချုပ် ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊
လူမူရေးအသင်းအဖွဲ့များ၊တက်ရောက်ကြပါ သည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးကအဖွင့်အမှာစကားပြောကြား ပြီး မြို့နယ်စီမံကိန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှလှငြိမ်း က စီမံကိန်းတာဝန် ပေး အပ်ခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြော ကြား သည်။
ဆက်လက်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်၊ ဒေသန္တ စီမံကိန်း တာဝန် များကို မြို့နယ်စီမံကိန်း ဦးစီးဌာန ဦးစီး အရာရှိက မြို့နယ်အုပ်ချုပ် ရေးမှူး ထံသို့၎င်း မြို့နယ်အုပ်ချုပ်ရေးမှူး က၊တာဝန်ရှိသူ ဌာနဆိုင်ရာသီးသီးထံ သို့၎င်း ပေးအပ်ကြ ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment