၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ ညနေ (၃) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ လယ်ကိုင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏လောင်းကစားဖမ်းဝရမ်းအမှတ် ၁၇/၂ဝ၁၅ ဖြင့် ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာ၊ အလယ်ပိုင်းရပ်နေ ကျော်ဝမ်း (၄၃)နှစ်၏ နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေရာ ကျော်ဝမ်းအား နေအိမ်အတွင်း စားပွဲပေါ်တွင် လောင်းကစား ပြုလုပ် နေစဉ် နှစ်လုံးထီလောင်း ကစားရာတွင်အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ ၂၆,၂ဝဝိ/- တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် ကျော်ဝမ်းအား ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်း (ပ)၂၈/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။
အလားတူ ၂၄.၆.၂ဝ၁၅ ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန် မကွေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မကွေးမြို့၊ ဈေးလယ်စိုးရပ်နေ ၀င်းနိုင်(၅၄)နှစ်သည်တရားမဝင်နှစ်လုံးထီလောင်းကစားပြုလုပ် နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၃၂/၂ဝ၁၅ ဖြင့် ဝင်ရောက်ရှာဖွေရာ ဝင်းနိုင်၏နေအိမ်အတွင်း သံကုတင်ပေါ်ရှိ အိပ်ယာခင်းအောက်နှင့် နေအိမ်အဝင်ဘေးရှိ ဘီဒိုပေါ်မှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ ၃၁,၁ဝဝိ/-တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် နှစ်လုံးထီလောင်းကစားပြုလုပ်သူ ဝင်းနိုင်အား မကွေး မြို့နယ်၊ မြို့မရဲစခန်း(ပ)၂၄၂/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment