Thursday, June 25, 2015

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ အောင်လံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း ဆောင်ရွက် နေ စဉ် အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ လယ်ပြင်ကွက်သစ်သို့ရောက်ရှိရာ ၎င်းရပ်ကွက်နေ မသင်းသင်း (၃၇)နှစ် မှ HUAWEI G – 730 အဖြူရောင်ဟန်းဆက်(၁)လုံး တန်ဖိုး ၇ဝ,ဝဝဝိ/-၊ HUAWEI Y 600D အနက်ရောင် ဟန်းဆက်(၁)လုံး တန်ဖိုး ၆ဝ,ဝဝဝိ/-၊ HUAWEI C 8816 ဖြူ/နက်ရောင်ဟန်းဆက် (၁)လုံးတန်ဖိုး ၂၅,ဝဝဝိ/- ၊ (စုစုပေါင်းတန်ဖိုး ၁၅၅,ဝဝဝိ/-)တို့ဖြင့် လိုက်လံရောင်းချနေသည်ကို တွေ့ရှိ ရ၍ မေးမြန်း ခဲ့ကြောင်း သိရှိရသည်။

မသင်းသင်း (၃၇)နှစ်မှ  တစ်ရပ်ကွက်တည်းနေ ဝင်းဇော်ဦး(၂၂)နှစ်မှ ရောင်းခိုင်းခြင်းဖြစ်ကြောင်း သိရှိရ သဖြင့် ဝင်းဇော်ဦးအား ခေါ်ယူစစ်မေးရာ ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံ တစ်ရာ ၊ ပြောဆိုပြသ နိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာ၍ ဝင်းဇော်ဦးနှင့် မသင်းသင်း တို့အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၁၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video