၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှရဲအုပ် မျိုးနိုင်နှင့် အဖွဲ့သည် သက်သေများနှင့်အတူ မကွေးမြို့ပေါ်နယ်မြေအတွင်း ခိုး၊ဆိုး၊ နှိုက်သတင်း စုံစမ်း နေစဉ် မကွေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် ခွာညိုလမ်းထောင့် ၊ ''သဘာဝ'' လ္ဘက်ရည်ဆိုင်အနီးရှိ ဆိုင်ကယ်ပွဲစားဝိုင်းသို့ မသင်္ကာဖွယ်လူငယ်တစ်ဦးသည် ဆိုင်ကယ်(၁)စီးအား ကာလ တန်ဖိုးထက်နှိမ့်ချ၍ ငွေ ၂၁ဝ,ဝဝဝိ/-ဖြင့် လာရောက်ရောင်းချနေကြောင်း သတင်းအရ သွား ရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းမှာ မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်နေ နေလင်းဦး(၂၁)နှစ်ဖြစ်ပြီး လာရောက်ရောင်းချသော ၃၂ယ/၈၆၅၉ နံပါတ်ပါ FOLLOW ME 125 နက်/ပြာရောင်ဆိုင်ကယ် (ကာလတန်ဖိုး ၄၇ဝဝဝဝိ/-)နှင့် ပတ်သက်၍မေးမြန်းရာ ပိုင်ဆိုင်ကြောင်း အထောက်အထားခိုင်လုံစွာပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှခိုးယူလာသည်ဟုမသင်္ကာ၍ နေလင်းဦးအား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း(ပ) ၁၇၈/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment