၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ ညနေ (၃) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ဂန့်ဂေါခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ဂန့်ဂေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေ ဖမ်းဆီး ခွင့်ဝရမ်းအမှတ် ၅/၂ဝ၁၅ ဖြင့် ကျောက်တိုက်ရပ်ကွက်၊ အောင်သရဖူလမ်းနေ အိမ်ရှင် ဦးကျော်လွင်၏ နေအိမ်၌ ငှားရမ်းနေ ထိုင်သော (ALKEMAL) ကုမ္ပဏီ၏ သစ်ဝယ်ကိုယ်စားလှယ် အောင်နိုင်ဖြိုး(ခ) ဖက်တီး၊ ၂၆နှစ်နေ ထိုင်သောနေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။
နေအိမ်အောက်ထပ်ဧည့်ခန်းကြမ်းပြင်ပေါ်ရှိ စတီးဇလုံအတွင်းမှ ငွေရောင်ခဲပတ်ဖြင့် မူးယစ်ဆေးဝါး သုံး စွဲ ပြီး မီးကျွမ်းနေသည့်ခဲပတ်စက္ကူ(၅)ခု၊ ဝါးထရံသစ်သားတန်းပေါ်မှ မူးယစ်ဆေးဝါးသယ်ယူရာတွင် အသုံးပြု သည့် ပလပ်စတစ်ပိုက်တို(၄)ချောင်း၊ နေအိမ်အောက်ထပ်တောင်ဘက်နံရံပေါ်ရှိ အနီရောင် ကဒ်ထူပုံး အတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုပြီး မီးကျွမ်းနေသည့် ငွေရောင်ခဲပတ်စက္ကူ (၁)ခု၊ HUAWEI ဟန်းဆက်(၂)လုံး၊ DGVO စာတမ်းပါဖုန်း(၁)လုံး၊ Samsung Teblet ဖုန်း(၁)လုံး၊ ကပ်ကြေး(၁)ချောင်း၊ ဂစ်မီးခြစ်(၂)လုံး၊ OK တံဆိပ်ပါ ပိုက်ဆံအိတ်(၁)လုံး (အတွင်း၌ငွေစက္ကူရောရာ ၆ဝဝဝိ/-)တို့အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူ အောင်နိုင်ဖြိုး(ခ)ဖက်တီးအား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း မူးယစ်(ပ)၂/၂ဝ၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment