၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ ညနေ (၃း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင် မြို့နယ်၊ ကံယာကောင်းကျေးရွာအရှေ့ဘက်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ကိုင်းတောမရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား စစ်ဆေးရာ မြို့သာနတ်ပွဲမှ ကံယာကောင်းကျေးရွာသို့ မြိုင်မြို့နယ်၊ ညောင်ရွာကျေးရွာနေ ၊ အောင်ကိုမြင့် (၂၂)နှစ် မောင်းနှင်ပြီး ခရီးသည် ကျား (၈)ဦး၊ မ(၁၂)ဦး၊ ပေါင်း(၂ဝ)ဦးလိုက်ပါလာသည့် ဆ/၁၂၉၃ ဂျစ် ခါးရှည်ယာဉ်သည် သင်းပေါင်းကန်ကျေးရွာသွား ရွာချင်းဆက်လမ်းမပေါ်၌ ယာဉ်၏ ၊ နောက်ဘီးရှပ်တန်းကျိုးကာ တိမ်းမှောက်၍ ယာဉ်ပေါ်ပါခရီးသည်များအနက် မြိုင်မြို့နယ်၊ ကံယာ ကောင်း ကျေးရွာနေ ဦးလှဝင်း(၆၅)နှစ်မှာ အခင်းဖြစ်နေရာ၌ ယာဉ်ပိသေဆုံးသွားပြီး မြိုင်မြို့နယ်၊ ကံယာကောင်းကျေးရွာနေ ဦးကျော်ဆန်း (၆၅)နှစ်ပါ ကျား ၃ ဦး၊ မ ၄ ဦး၊ ပေါင်း ၇ဦး တို့တွင် ဒဏ်ရာ များ အသီးသီးရရှိခဲ့သဖြင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူအောင်ကိုမြင့်အား မြိုင်မြို့နယ်၊ မြိုင်မြို့မ ရဲစခန်း ယာဉ်(ပ)၁၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment