၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ နံနက် (၆) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်၊ လယ်ကိုင်းကျေးရွာနေ ဦးအောင်ဇော်(၄၅)နှစ်သည် လယ်ကိုင်းကျေးရွာ၊ ပွင့်ဖြူ-မင်းဘူး ကား လမ်းဘေးရှိ ''တိုးနယား'' စားသောက်ဆိုင်ရှေ့တွင် ၎င်းပိုင် ၄၃ယ/xxxx ၊ ရင်ဇင်း ၁၁ဝ အစိမ်း ရောင် ဆိုင်ကယ်အား သော့မဖြုတ်ဘဲရပ်ထားခဲ့ပြီး မျက်နှာချင်းဆိုင်လမ်းတစ်ဘက်ရှိ နဒီ ကွမ်းယာ ဆိုင်သို့ ကွမ်းယာဝယ်ပြီးပြန်လာစဉ် ဆိုင်ကယ်မှာပျောက်နေ၍ လိုက်လံစုံစမ်းရှာဖွေရာ မင်းဘူးမြို့ ဘက်သို့ ၎င်း ဆိုင်ကယ်နှင့်တူသည့် ဆိုင်ကယ်တစ်စီးအား အမည်မသိလူတစ်ဦးမှ မောင်းနှင် ထွက်သွားကြောင်း သိရှိရသည်။
လယ်ကိုင်းနယ်မြေရဲစခန်းသို့ သတင်းပို့ခဲ့ပြီး လယ်ကိုင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မင်းဘူးမြို့သို့ လိုက်လံစုံစမ်းရှာဖွေစဉ် မင်းဘူးမြို့မဈေးအရှေ့ဘက်ရှိ ဆိုင်ကယ်ပွဲစားတန်းတွင် ပျောက် သွားသောဆိုင်ကယ်နှင့်အတူ ခိုးယူသွားသူ ပွင့်ဖြူမြို့နယ်၊ ဆည်မုန်းကျေးရွာနေ ကျော်ဇင်ဝင်း (၂၃)နှစ် အားတွေ့ရှိရ၍ ကျော်ဇင်ဝင်းအား အရေးယူပေးပါရန် ၂၄.၆.၁၅ ရက်နေ့တွင် ဦးအောင်ဇော်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်း(ပ)၂၉/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ (ဆိုင်ကယ်) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment