Thursday, June 25, 2015

ငဖဲ     ဇွန်     ၂၄
    မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲကို  ယနေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာမြို့နယ်စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ ဦးနိုင်ဝင်းဇော်မှ အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းတာဝန်ပေးအပ်လွှာများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကဏ္ဍအလိုက်ပေးအပ်ခဲ့သည်။
    ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးဌာနမှူး ဦးစီးအရာရှိ ဒေါ်ဆန်းယုဝင်း မှ ငဖဲမြို့နယ်၏ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video