ရေနံချောင်း ဇွန် ၂၄
ရေနံချောင်းမြို့နယ် ဘူကျွန်းရွာတွင်မူးယစ်ဆေးဝါးအန္တရာယ်နှင့် သွေးလွန်တုတ်ကွေးရောဂါ အသိပညာပေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၂၄ရက်က ဘူးကျွန်းရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဒေါ်ဖြိုးမွန်မွန်ထွန်း ကမူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုကျိုးများအကြောင်းနှင့် သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျုင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲတို့ကို တက်ရောက်လာသော ကျေးရွာသူ၊ရွာသားများနှင့်
ကျောင်းသား ကျောင်းသူများက ကြည့်ရှုခဲ့ကြသည်။ အဆိုပါဟောပြောပွဲတွင် ကယ်ဆယ်ရေးနှင့်ပြန် လည်ေ နရာချထားရေးဦးစီး ဌာနက ပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်းသိရသည်။
Thursday, June 25, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment