Thursday, June 25, 2015


ထီးလင်း ဇွန် ၂၄
    ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ဒေသဆန်ဖူလုံရေးအတွက် တောင်သူလယ်သမားများးသည် စပါးပြီး စပါးစိုက်ပျိုးခြင်း၊ စပါးပြီးအခြားသီးနှံများ စိုက်ပျိုးခြင်းတို့ဖြင့် အလေးထားစိုက်ပျိုးလျှက်ရှိကြရာ အထူးသဖြင့် နွေ စပါးစိုက်ပျိုးရာတွင် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်စပါးများကို ရွေးချယ်စိုက်ပျိုး လျှက်ရှိသည်။
    ထိုသို့စိုက်ပျိုးကြသည့် နွေစပါးခင်းများအနက် ရတနာတိုးစပါးခင်းများတွင် စပါးများရင့်မှည့်နေပြီဖြစ်ရာ ဂန့်ဂေါခရိုင် မြေအသုံးချရေးတာဝန်ခံ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများ၊ ထီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်မြင့်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အထောက်အကူပြုကော်မတီဥက္ကဌ ဦးမောင်ဝင်းတို့ပါဝင်သည့်အဖွဲ့ သည် ထီးလင်းမြို့ တောင်သူ ဦးမင်းလွင်၏လယ်မြေတွင် ဇွန် ၂၁ ရက်က စပါးစံကွက်ရိတ်သိမ်းရာ တစ်ဧက အထွက်နှုန်း အခြောက်တင်း ၁၀၁ ဒသမ ၅၃ တင်း ထွက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video